top of page
vision.png

ဘဏ်၏ အနာဂတ် ဦးတည်ချက်

“ပေါင်းကူး ချိတ်ဆက်ပေးခြင်း နှင့်အတူ တိုးတက် သာယာဝပြောမှုကို ဖန်တီးပေးခြင်း”

မြန်မာမက်ထရိုဘဏ်၏ ရည်မှန်းချက်သည် လူနေမှုဘဝများ တိုးတက် ပြောင်းလဲစေရန်အတွက် သာယာဝပြောမှု ပန်းတိုင်ဆီသို့ ဘဏ္ဍာရေး ပေါင်းကူးတံတားသဖွယ် ရပ်တည်သွားရန် ဖြစ်ပါသည်။ Customer များ၏ ဘဏ္ဍာရေးဆိုင်ရာ ခရီးလမ်းတစ်လျှောက် အဆင်ပြေ ချောမွေ့စေရန်၊ လုပ်ငန်းများ အောင်မြင် တိုးတက်ဖွံ့ဖြိုးစေရန်နှင့် လုပ်ဆောင်နိုင်သည့် ပန်းတိုင်များကို အပြည့်အဝ ဖြစ်ထွန်းစေရန်၊ ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေရန်အတွက် ကူညီပံ့ပိုးသွားရန် ရည်ရွယ်ထားပါသည်။

ငွေကြေးပိုင်းဆိုင်ရာ ကဏ္ဍများတွင် ယုံကြည်စိတ်ချရသော မိတ်ဆွေကောင်း တစ်ဦးအဖြစ် ရပ်တည်ကာ လူပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းများနှင့် အခွင့်အလမ်းများကို ဘဏ္ဍာရေး ပေါင်းကူးတံတားနှင့် ချိတ်‌ဆက်ပေးနိုင်သည့် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးသွားနိုင်ရန် ရည်ရွယ်ထားပါသည်။ ထို့အပြင် ပြည်တွင်း စီးပွား‌ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောမှုတို့ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်ရန်လည်း ရည်မှန်းထားပါသည်။ ဘဏ္ဍာရေး ပေါင်းကူး တံတားအနေဖြင့် အချင်းချင်း ချိတ်ဆက် ဆောင်ရွက်နိုင်မှုများမှတဆင့် စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်း ပုဂ္ဂိုလ်များအားလုံးအတွက် အခွင့်အလမ်းများကို ပိုမိုရရှိနိုင်ပြီး ပိုမို တိုးတက် ကောင်းမွန်သော ချိတ်ဆက်ထားသည့် ဂေဟစနစ်များကို ဖန်တီးသွားနိုင်ရန်လည်း ကြိုးစားလျက်ရှိပါသည်။

aboutus-banner.png

Our Vision & Mission

mission.png

ဘဏ်၏ ရပ်တည်ချက်

Myanmar Metro Bank အနေဖြင့် အောက်ဖော်ပြပါ ရပ်တည်ချက်များ အတိုင်း ရှေ့ဆက်သွားမည် ဖြစ်ပါသည်။

  • Customer များအတွက် လိုအပ်သော ငွေကြေးဝန်ဆောင်မှုများ နှင့် လိုအပ်ချက်များကို မျှော်မှန်းထားသည်ထက် ပိုမိုချောမွေ့စွာ ဆောင်ရွက်ပေးပြီး ရင်းနှီးခိုင်မာသော ယုံကြည်မှု နှင့် ဆက်ဆံရေးများ ဖန်တီးနိုင်ရန်။

  • လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများ အတွက်လည်း လေ့လာ သင်ယူစရာများ၊ ပူးပေါင်း ဆောင်ရွက်နိုင်မှုများ နှင့် တီထွင်ဆန်းသစ်နိုင်မှုများ ရှိသည့် လုပ်ငန်းခွင်ကို ဖန်တီးပေးပြီး ၎င်းတို့၏ ရည်မှန်းချက်များ နှင့် လုပ်ဆောင်နိုင်စွမ်းတို့ ပိုမိုပြည့်ဝစွာ ဆောင်ရွက်နိုင်ကာ ဘဏ်၏ တိုးတက် အောင်မြင်မှုလမ်းကြောင်းတွင် အထောက်အပံ့ ပြုနိုင်စေရန်။

  • ဘဏ်၏ အစုရှယ်ယာရှင်များ အတွက်လည်း စိတ်ချယုံကြည်စွာဖြင့် ရင်းနှီးမြှုပ်နှံနိုင်သော လုပ်ငန်းကောင်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန်အတွက် မဟာဗျူဟာကျ လုပ်ငန်းစဉ်များ၊ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုများ နှင့် လုပ်ငန်းများကို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားရန် မျှော်မှန်းထားပါသည်။

ထိုသို့သော ရပ်တည်ချက်များမှ တဆင့် Customer များ၊ လုပ်ဖော်ကိုင်ဖက်များ၊ အစုရှယ်ယာရှင်များနှင့် လူမှုပတ်ဝန်းကျင်တို့အတွက် ကောင်းမွန်မှန်ကန်သော အကျိုးပြုမှုများ ဖန်တီးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားပါမည် ဖြစ်ပါသည်။

aboutus-banner.png

Our Vision & Mission

bottom of page