top of page
logo-white.png
Corporate Governance Statement.png

Corporate Governance Statement

Corporate Governance Statement

Myanmar Metro Bank သည် Corporate Governance ကို အမြင့်ဆုံးသော စံနှုန်းများဖြင့် သတ်မှတ်ထားရှိ ကျင့်သုံးပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်မှုနှင့် စည်းမျဉ်း စည်းကမ်းများ အပါအဝင် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေနှင့် ကိုက်ညီအောင် လုပ်ငန်းများကို လည်ပတ်လျက်ရှိပြီး Corporate Governance အလေ့အကျင့်ကောင်းများသည် ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်ချက်များ၏ ယုံကြည်မှု၊ ဘဏ်လုပ်ငန်း စဉ်ဆက်မပျက် အောင်မြင်မှုနှင့် ရေရှည်တည်တံ့ ခိုင်မြဲမှုတို့အတွက် အရေးကြီးသည်ကို လက်ခံ ထားပါသည်။

ဤ Corporate Governance ဖွဲ့စည်းမှု ပုံစံသည် ပွင့်လင်း မြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှုနှင့် သိက္ခာ သမာဓိရှိမှုတို့ကို ဦးထိပ်ပန်ပြီး မိမိတို့၏ ဘဏ်တစ်ခုလုံး လုပ်ငန်း လည်ပတ်နိုင်ရန်အတွက် ရည်ရွယ်ထားပါသည်။ 

corporate-image.png
ဒါရိုက်တာ အဖွဲ့ဝင်များ

Myanmar Metro Bank၏ ဒါရိုက်တာ အဖွဲ့ဝင်များသည် ဘဏ်၏ စီမံခန့်ခွဲမှု ဖွဲ့စည်းပုံတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ဘဏ်၏ လုပ်ငန်း ဆောင်ရွက်မှုများကို ကျင့်ဝတ်သိက္ခာ နှင့်အညီ တာဝန်ယူ ဆောင်ရွက်နိုင်ရန် မဟာဗျူဟာ မြောက်သည့် လမ်းညွှန်မှုများကို ချမှတ်၍ ကြီးကြပ် ဆောင်ရွက်ပါသည်။ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးချင်းသည် အရည်အချင်း ပြည့်ဝသည့် ပုဂ္ဂိုလ်များဖြစ်ပြီး မတူကွဲပြားသည့် အရည်အချင်း အတွေ့အကြုံများ ရှိကာ ဘဏ်အတွက် ထိရောက် ကောင်းမွန်သည့် ဆုံးဖြတ်ချက်များကို ပေးနိုင်သူများဖြစ်ပါသည်။ ဘဏ်၏ ဒါရိုက်တာအဖွဲ့နှင့် ဘဏ်ကိုနေ့စဉ် စီမံခန့်ခွဲသူများအကြား ရှင်းလင်းပြတ်သားသည့် တာဝန်များကိုလည်း သတ်မှတ်ထားရှိပါသည်။ ဒါရိုက်တာအဖွဲ့ဝင်များ၏ အဓိကကျသည့် တာဝန် ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ဘဏ်၏ မဟာဗျူဟာ လမ်းညွှန်မှုများ နှင့် ရည်မှန်းချက် ပန်းတိုင်များကို ချမှတ်ခြင်း နှင့် အဓိကကျသည့် မူဝါဒများကို အတည်ပြုခြင်း။

  • ဘဏ်၏ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ ဖြစ်သည့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများ အပါအဝင် ထိရောက်သည့် ဌာနတွင်း ထိန်းချုပ်မှုများကို ကြီးကြပ်ခြင်း။

  • အကြီးတန်း စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူများကို တာဝန်ပေးခန့်အပ်ခြင်း နှင့် ၎င်းတို့ကို အကဲဖြတ်ခြင်း။

  • ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများကို လိုက်နာစေရန် ဆောင်ရွက်ခြင်း။

  • ဘဏ်၏ ဆုံးရှုံးနိုင်ခြေများကို အသိပညာပေးခြင်း အလေ့အထကောင်းများ နှင့် လိုက်နာ ဆောင်ရွက်ရေး ဆိုင်ရာများကို မြှင့်တင်ခြင်း။

Corporate Governance.png
Governance Structure
စီမံခန့်ခွဲမှု ဖွဲ့စည်းပုံ

Myanmar Metro Bank သည် ဘဏ်၏ မဟာဗျူဟာ ရည်မှန်းချက်များကို ထိရောက် လျင်မြန်စွာ အကောင်အထည်ဖော်ရန်နှင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အကောင်းဆုံး အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် တောင့်တင်း ခိုင်မာသည့် စီမံခန့်ခွဲမှု ဖွဲ့စည်းပုံကို ဖွဲ့စည်းထားရှိပါသည်။ ၎င်းဖွဲ့စည်းပုံကို ဘဏ်ဒါရိုက်တာ အဖွဲ့ဝင်များ(BODs)မှ အတည်ပြုထားပြီး အမှုဆောင် အရာရှိချုပ်နှင့် ဘဏ်၏ စီမံခန့်ခွဲမှု အဖွဲ့၏ ကြီးကြပ် ကွပ်ကဲမှုအောက်တွင် နေ့စဉ်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ဖွဲ့စည်းထားသော ကော်မတီများနှင့်အတူ ဆောင်ရွက်ပါသည်။ ဘဏ်၏ အဓိက အခန်းကဏ္ဍ နယ်ပယ်များတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း ဘဏ်လုပ်ငန်း ဆောင်ရွက်ချက်များကို ကြီးကြပ်ခြင်းတို့တွင် ထိရောက်သည့် ဦးဆောင်မှုများ ပေးနိုင်ရန်အတွက် အောက်ပါ Management Level စီမံခန့်ခွဲမှု ကော်မတီများကို ဖွဲ့စည်းထားရှိပါသည်။

  • စီမံခန့်ခွဲမှုကော်မတီ: ဤကော်မတီသည် ဒါရိုက်တာအဖွဲ့မှ အတည်ပြုထားသည့် မဟာဗျူဟာများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ နေ့စဉ်ဘဏ်လုပ်ငန်း ဆောင်ရွက်ချက်များကို ကြီးကြပ်ခြင်း၊ ဘဏ်၏ ဌာနများအကြား အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ပါသည်။

  • ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များ စီမံခန့်ခွဲရေးကော်မတီ: ၎င်းကော်မတီသည် ချေးငွေ/အပ်ငွေ အတိုးနှုန်း၊ ငွေဖြစ်လွယ်မှုအချိုး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်ဆိုင်သည့် ဆုံးရှုံးနိုင်ခြေများကို ဘဏ်၏ ချမှတ်ထားသည့် ဘဏ္ဍာရေးဆိုင်ရာ မဟာဗျူဟာရည်မှန်းချက်များ နှင့်အညီ တည်ငြိမ်မှုရှိစေရန် ထိန်းသိမ်းကြီးကြပ် ဆောင်ရွက်ပါသည်။.

  • ချေးငွေကော်မတီ: ၎င်းကော်မတီသည် ဒါရိုက်တာအဖွဲ့၏ သတ်မှတ်ချက်အတွင်း ချေးငွေထုတ်ချေးရန် အတည်ပြုချက်ရရှိထားသည့် ချေးငွေ စိစစ်အတည်ပြုမှု များကို ကြီးကြပ် ခြင်း၊ ချေးငွေများ၏ အရည်အသွေးများကို စောင့်ကြည့်ခြင်း၊ ချေးငွေမူဝါဒများကို ရေးဆွဲ ခြင်းတို့ကို ဆောင်ရွက်ပါသည်။

Myanmar Metro Bank၏ ဒါရိုက်တာ အဖွဲ့ဝင်များသည် ဘဏ်၏ စီမံခန့်ခွဲမှု ဖွဲ့စည်းပုံတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ဘဏ်၏ လုပ်ငန်း ဆောင်ရွက်မှုများကို ကျင့်ဝတ်သိက္ခာ နှင့်အညီ တာဝန်ယူ ဆောင်ရွက်နိုင်ရန် မဟာဗျူဟာ မြောက်သည့် လမ်းညွှန်မှုများကို ချမှတ်၍ ကြီးကြပ် ဆောင်ရွက်ပါသည်။ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးချင်းသည် အရည်အချင်း ပြည့်ဝသည့် ပုဂ္ဂိုလ်များဖြစ်ပြီး မတူကွဲပြားသည့် အရည်အချင်း အတွေ့အကြုံများ ရှိကာ ဘဏ်အတွက် ထိရောက် ကောင်းမွန်သည့် ဆုံးဖြတ်ချက်များကို ပေးနိုင်သူများဖြစ်ပါသည်။ ဘဏ်၏ ဒါရိုက်တာအဖွဲ့နှင့် ဘဏ်ကိုနေ့စဉ် စီမံခန့်ခွဲသူများအကြား ရှင်းလင်းပြတ်သားသည့် တာဝန်များကိုလည်း သတ်မှတ်ထားရှိပါသည်။ ဒါရိုက်တာအဖွဲ့ဝင်များ၏ အဓိကကျသည့် တာဝန် ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ဘဏ်၏ မဟာဗျူဟာ လမ်းညွှန်မှုများ နှင့် ရည်မှန်းချက် ပန်းတိုင်များကို ချမှတ်ခြင်း နှင့် အဓိကကျသည့် မူဝါဒများကို အတည်ပြုခြင်း။
  • ဘဏ်၏ ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များ ဖြစ်သည့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများ အပါအဝင် ထိရောက်သည့် ဌာနတွင်း ထိန်းချုပ်မှုများကို ကြီးကြပ်ခြင်း။
  • အကြီးတန်း စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူများကို တာဝန်ပေးခန့်အပ်ခြင်း နှင့် ၎င်းတို့ကို အကဲဖြတ်ခြင်း။
  • ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းများကို လိုက်နာစေရန် ဆောင်ရွက်ခြင်း။
  • ဘဏ်၏ ဆုံးရှုံးနိုင်ခြေများကို အသိပညာပေးခြင်း အလေ့အထကောင်းများ နှင့် လိုက်နာ ဆောင်ရွက်ရေး ဆိုင်ရာများကို မြှင့်တင်ခြင်း။

ဒါရိုက်တာ အဖွဲ့ဝင်များ

Organization Structure.jpg
Organization Structure
ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု

Myanmar Metro Bank သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုနှင့်အညီ အလုံးစုံပါဝင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု မူဘောင်(Risk Management Framework) များကို ရေးဆွဲ ထားရှိပါသည်။ ချမှတ်ထားသည့် မူဘောင်နှင့်အညီ ချေးငွေဆိုင်ရာ၊ ဈေးကွက်ဆိုင်ရာ၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ၊ ငွေဖြစ်လွယ်မှုဆိုင်ရာ နှင့် ဘဏ်၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အန္တရာယ်များကို ခွဲခြားသတ်မှတ်ခြင်း၊ အကဲဖြတ်ခြင်း၊ စောင့်ကြည့်ခြင်း နှင့် လျှော့ချခြင်း အစီစဉ်များကို ဆောင်ရွက်ထားရှိပါသည်။ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နှင့် ဥပဒေရေးရာ ကော်မတီ (Risk Management & Legal Affairs Committee) နှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုဌာနကြီး Risk Management Function တို့သည် အဆိုပါ လုပ်ငန်း ဆောင်ရွက် ကြီးကြပ်ပါသည်။

Myanmar Metro Bank သည် ဘဏ်၏ ရပိုင်ခွင့်များကို ထိန်းသိမ်းရန်၊ တိကျသည့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများကို ထုတ်ပြန်ရန်၊ နေ့စဉ်လုပ်ငန်း ဆောင်ရွက်ချက်များ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဌာနတွင်းထိန်းချုပ်မှု စည်းမျဉ်းစည်းကမ်းများ (Internal Controls) များကို ထားရှိပြီး ထိရောက်စွာ စောင့်ကြည့် ကြီးကြပ်ပါသည်။

ဌာနတွင်း ထိန်းချုပ်မှု
ဥပဒေ၊ နည်းဥပဒေ နှင့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ရေး

Myanmar Metro Bank သည် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ အားလုံးကို လိုက်နာဆောင်ရွက်ပါသည်။ ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုများကို ငွေကြေး ထောက်ပံ့ပေးခြင်းများကို ကာကွယ်ရန်၊ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများမဖြစ်စေရန်၊ ဘဏ္ဍာရေးဆိုင်ရာ ပြစ်မှုများကို တားဆီးနိုင်ရန်အတွက် ဌာနတွင်းမူဝါဒများ၊ လုပ်ထုံး လုပ်နည်းများ၊ ကျင့်ဝတ် စည်းကမ်းများကို ချမှတ်ထားရှိပါသည်။

ထုတ်ဖော်မှုနှင့် ပွင့်လင်းမြင်သာမှု

Myanmar Metro Bank သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လိုက်နာရန် သတ်မှတ် ချက်များနှင့်အညီ အစုရှယ်ယာရှင်များ၊ ဘဏ်နှင့် သက်ဆိုင်သူများထံသို့ တိကျပြီး ပွင့်လင်း မြင်သာမှုရှိသည့် ထုတ်ဖော်ချက်များကို အချိန်နှင့်တပြေးညီ ပေးပို့ဆောင်ရွက်ပါသည်။ အဆိုပါ ထုတ်ဖော်မှုများတွင် နှစ်စဉ်အစီရင်ခံစာများ၊ ဘဏ္ဍာရေးဆိုင်ရာ စာရင်းရှင်းတမ်းများ စသည်ဖြင့် ပါဝင်ပါသည်။

အစုရှယ်ယာရှင်များ၏ ရပိုင်ခွင့် အခွင့်အရေးများ

Myanmar Metro Bank သည် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ပြဌာန်းချက်များ နှင့်အညီ အစုရှယ်ယာရှင်များ၏ ရပိုင်ခွင့် အခွင့်အရေးများကို သတ်မှတ်ထားပါသည်။ အစုရှယ်ယာရှင်များသည် ဘဏ်၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးများတွင် ပါဝင်တက်ရောက်ခြင်း၊ အစည်းအဝေးတွင် မဲပေး ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်း၊ ဘဏ်နှင့် သက်ဆိုင်သည့် အချက်အလက်များကို တောင်းဆို ရယူပိုင်ခွင့်ရှိခြင်းစသည့် အခွင့်အရေးများကို ရရှိနိုင်ပါသည်။

ဒါရိုက်တာအဖွဲ့သည် ဘဏ်၏ စီမံခန့်ခွဲမှု ဖွဲ့စည်ပုံသည် စဉ်ဆက်မပြတ် တိုးတက်မှုများ ရရှိစေရန်အတွက် ဘဏ်လုပ်ငန်း ကဏ္ဍအတွင်း ပြောင်းလဲ တိုးတက်လာမှုများ၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှုရှိစေရန် Corporate Governance Statementကို ပုံမှန် ပြန်လည်သုံးသပ်ပြီး ပြင်ဆင်မှုများ ဆောင်ရွက်ပါသည်။

ပြန်လည်သုံးသပ်ခြင်းနှင့် Update ဆောင်ရွက်ခြင်း
bottom of page