
Risk Management Policies, Risk Appetite Statements and Guidelines
ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု မူဝါဒများ၊ ဆုံးရှံးနိုင်ခြေ လက်ခံလိုမှု ဖော်ပြချက် နှင့် လမ်းညွှန်ချက်များ
Myanmar Metro Bank ၏ ဘဏ်လုပ်ငန်းများ တည်ငြိမ်မှုနှင့် လုံခြုံမှုရှိစေရန် ခိုင်မာစွာ ချမှတ်ထားသော ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းများကို ကျင့်သုံး လိုက်နာလျက် ရှိပါသည်။ မိမိတို့ဘဏ်တွင် အသေးစိတ် ချမှတ်ထားသော မူဝါဒများနှင့် လမ်းညွှန်ချက်များကို လိုက်နာခြင်းအားဖြင့် ဘဏ်လုပ်ငန်း လည်ပတ်ရာတွင် တွဲဖက်ပါဝင်လာသော ဆုံးရှုံးနိုင်ခြေများကို သတ်မှတ်ခြင်း၊ အကဲဖြတ်ခြင်း၊ လျော့ချခြင်း၊ စောင့်ကြည့်ခြင်းများကို ဆောင်ရွက်သွားပါမည်။ ထိုသို့ လိုက်နာခြင်းအားဖြင့်လည်း ချမှတ်ထားသော ဥပဒေများ၊ နည်းဥပဒေများ နှင့် လမ်းညွှန်ချက်များကို ကျင့်သုံးပြီးသား ဖြစ်သည့်အပြင် ဘဏ်၏ မဟာဗျူဟာကျ ရည်မှန်းချက်များကို ပြည့်မှီစေရန်အတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါသည်။ ဘဏ်၏ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းများကို ကျင့်သုံးလိုက်နာခြင်းအားဖြင့် ဘဏ်လုပ်ငန်းတိုးတက်မှု အခွင့်အလမ်းများကို ရယူနိုင်မည်ဖြစ်ကာ ဘဏ်၏ ပိုင်ဆိုင်မှုများနှင့် ဂုဏ်သတင်းကိုလည်း ကာကွယ်စောင့်ရှောက်ရာလည်း ရောက်မည်ဖြစ်ပါသည်။
ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု မူဝါဒများ
-
Risk Management Policy:
ဤမူဝါဒသည် ဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆုံးရှုံးနိုင်ခြေ သတ်မှတ်ခြင်း၊ အကဲဖြတ်ခြင်း၊ လျော့ချခြင်း၊ စောင့်ကြည့်ခြင်းများ အတွက် ချမှတ်ထားသော မူဘောင် ဖြစ်ပါသည်။ ဘဏ်၏ တည်ငြိမ်မှု၊ လုံခြုံမှု နှင့် စည်းမျဉ်းစည်းကမ်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်များ၊ ဘဏ်လုပ်ငန်းတွင် အသုံးပြုသည့် အလေ့အထများနှင့်အညီ ကိုက်ညီအောင် ဆောင်ရွက်သွားပါမည်။ ယင်းမူဝါဒသည် လုပ်ငန်းအုပ်စုနှင့် ဆက်နွယ်နေသူများ၊ မဟာဗျူဟာ၊ နာမည်ဂုဏ်သတင်း၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ လုပ်ငန်းဆောင်ရွက်မှု၊ ငွေကြေးလွယ်မှု၊ စျေးကွက် နှင့် ချေးငွေများ အပါအဝင် ဆုံးရှုံးနိုင်ခြေ အမျိုးမျိုးပေါ်တွင် အကျုံးဝင်သည်။ ဘဏ်၏ ရပိုင်ခွင့်များ နှင့် နာမည် ဂုဏ်သတင်းကို ကာကွယ်ရန်အတွက် ဆုံးရှုံးနိုင်ခြေ အကဲဖြတ်ခြင်းများကို တာဝန်နှင့်ဝတ္တရားများနှင့်အညီ သေချာစွာ ဆောင်ရွက်မည် ဖြစ်ပါသည်။
-
Credit Risk Management Policy:
ဤမူဝါဒသည် ချေးငွေတစ်လျှောက်လုံးတွင် ချေးငွေဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲနိုင်ရန်အတွက် ချမှတ်ထားသော မူ သဘောတရားများ နှင့် လုပ်ထုံး လုပ်နည်းများ ပါဝင်သည်။ ၎င်းသည် ချေးငွေ အကဲဖြတ်ခြင်း၊ ချေးငွေ ရယူခြင်း၊ ချေးငွေ ထုတ်ပေးခြင်း၊ စောင့်ကြည့် စစ်ဆေးခြင်း၊ ဆုံးရှုံးနိုင်ခြေ လျော့ချခြင်းများကို အကျုံးဝင်သည်။ ဤမူဝါဒသည် တာဝန်နှင့်ဝတ္တရားပေါ်မူတည်ပြီး credit risk limits ချမှတ်ရန် နှင့် ဘဏ်လုပ်ငန်းတွင် အသုံးပြုနေသည့် အလေ့အထများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကိုက်ညီအောင် အလေးထား ဆောင်ရွက်ပါမည်။
ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်မှု ဖော်ပြချက်များ
-
Enterprise Risk Appetite Statement:
ဤဖော်ပြချက်သည် ဆုံးရှုံးနိုင်ခြေ အမျိုးအစားများအလိုက် ဘဏ်၏ ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်မှုကို သတ်မှတ်ထားပါသည်။ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုနှင့်အညီ ဘဏ်၏ မဟာဗျူဟာ ရည်မှန်းချက်မျ ား အောင်မြင်ရေး၊ အခွင့်အလမ်းများ တိုးတက်ရရှိစေရေး တို့အတွက် ဘဏ်မှ လက်ခံဆောင်ရွက်လိုသော ဆုံးရှုံးနိုင်ခြေအဆင့် သတ်မှတ်ချက် များကို ဖော်ပြထားပါ သည်။ ဘဏ်၏ risk profile၊ မဟာဗျူဟာ ရည်မှန်းချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ကောင်းမွန်သော ဆုံးဖြတ်ချက်များ၊ အဖွဲ့အစည်းအတွင်း ဆုံးရှုံးနိုင်ခြေ ဆောင်ရွက်ချက်များကို ထည့်သွင်း စဉ်းစားထားခြင်း ဖြစ်ပါသည်။
-
Credit Risk Appetite Statement:
ဤဖော်ပြချက်သည် ဘဏ်၏ ချေးငွေဆိုင်ရာ ဆုံးရှုံးနိုင်ခြေ လက်ခံလိုမှုကို ဖော်ပြထားပါသည်။ ချေးငွေ အမျိုးမျိုးအတွက် သက်တမ်း စေ့မရောက်မီ ပေးဆပ်မှုပျက်ကွက်နိုင်ခြေ (Delinquency rates)၊ အရင်းအတိုး ပျက်ကွက်နိုင်ခြေ (NPL ratios များ) နှင့် concentration risk အစရှိသည့် risk metrics အမျိုးမျိုးဖြင့် တွက်ချက်၍ Limits များ၊ Threshold များအား သတ်မှတ်ထားရှိပါသည်။ ယင်းဖော်ပြချက်သည် ဘဏ်၏ ဆုံးရှုံးနိုင်ခြေ လက်ခံလိုမှု နှင့် မဟာဗျူဟာ ရည်မှန်းချက်များ နှင့်အညီ ချေးငွေဆိုင်ရာ ဆုံးဖြတ်ချက်များကို လမ်းညွှန်ထားပါသည်။
ချေးငွေ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်
-
Credit Approval Authority and Guidelines:
ဤလမ်းညွှန်ချက်သည် ချေးငွေနှင့် ပတ်သတ်သော လုပ်ငန်းစဉ်များ စစ်ဆေးရန်နှင့် အတည်ပြုရန်အတွက် စနစ်တကျ ရေးသားထားသော လမ်းညွှန်ချက် တစ်ခုဖြစ်ပါသည်။ ချေးငွေနှင့် ပတ်သတ်သော မှန်ကန်သော ဆုံးဖြတ်ချက်များနှင့် တာဝန်ခံမှုရှိစေရန်အတွက် ကော်မတီများနှင့် ချေးငွေနှင့် သက်ဆိုင်သော အရာရှိများအတွက် လုပ်ပိုင်ခွင့် အဆင့်များကို ခွဲခြားသတ်မှတ်ထားပါသည်။ ဤလမ်းညွှန်ချက်သည် ချေးငွေအမျိုးအစား အမျိုးမျိုးနှင့် ပတ်သတ်ပြီး မူဝါဒတွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ချေးငွေအကဲဖြတ်မှု နှင့် ပြန်လည်ပေးဆပ်နိုင်စွမ်းတို့ကို ဖော်ပြထားပါသည်။
-
Collateral Management Guidelines:
ဤလမ်းညွှန်ချက်သည် အာမခံပေးသော ချေးငွေပေါ်တွင် အာမခံပစ္စည်းများအား စီမံခန့်ခွဲရန်အတွက် ချမှတ်ပေးသော မူဘောင်တစ်ခုဖြစ်ပြီး ၎င်းတို့သည် အာမခံပစ္စည်းပေါ်တွင် စစ်ဆေးခြင်း၊ လက်ခံခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ စောင့်ကြည့်ခြင်း၊ ရယူရန်ဆောင်ရွက်ခြင်း နှင့် ပြန်လည်ရယူခြင်းတို့ကို အကျိုးပြုသည်။ ဤလမ်းညွှန်ချက်များသည် ချေးငွေသက်တမ်းတစ်လျှောက်လုံးတွင် အာမခံပစ္စည်းများကို လုံလောက်စွာ စီမံဆောင်ရွက်နိုင်ခြင်းအားဖြင့် ချေးငွေဆုံးရှုံးနိုင်မှုကို လျော့ချရန် ရည်ရွယ်ပါသည်။
ချေးငွေချထားပေးခြင်းဆိုင်ရာ လမ်းညွှန်ချက်
-
စီးပွားရေး လုပ်ငန်းဆိုင်ရာချေးငွေများ ချထားခြင်းအတွက် လမ်းညွှန်ချက်
ဤလမ်းညွှန်ချက်တွင် စီးပွားလုပ်ငန်းရေးဆိုင်ရာ ချေးငွေများ (Business loan) နှင့်ပတ်သက်၍ ခွင့်ပြုချက်ရယူခြင်း နှင့် အကဲဖြတ်ခြင်းတို့ အတွက် လုပ်ထုံးလုပ်နည်းများ ပါဝင်ပါသည်။ ချေးငွေလျှောက်ထားသူ၏ industry risk ကိုစိစစ်ခြင်း၊ အာမခံပစ္စည်း ရယူခြင်း၊ ချေးငွေ ပြန်လည်ပေးဆပ်နိုင်မှုကို သုံးသပ်ခြင်း၊ ဘဏ္ဍာရေးအခြေအနေ အကဲဖြတ်ခြင်းများပါဝင်သည်။ ဘဏ်၏ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု ရည်မှန်းချက်များနှင့်အညီ ချေးငွေထုတ်ပေးခြင်းကိစ္စများကိုလည်း စနစ်တကျ ဆောင်ရွက်ပါသည်။
-
အိမ်ယာချေးငွေများ ချထားခြင်းအတွက် လမ်းညွှန်ချက်
ဤလမ်းညွှန်ချက်တွင် ချေးငွေလျှောက်ထားသူ၏ ချေးငွေ ပြန်လည်ပေးဆပ်နိုင်မှုကို အကဲဖြတ်နိုင်သည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဖော်ပြထားပါသည်။ မတူညီသော အိမ်ခြံမြေ အမျိုးအစားများနှင့် ချေးငွေတန်ဖိုး အချိုးများအတွက် စံနှုန်းများ သတ်မှတ်ပြီး စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီအောင် ချေးငွေများကို တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
-
မော်တော်ယာဉ်ချေးငွေများ ချထားခြင်းအတွက် လမ်းညွှန်ချက်
ဤလမ်းညွှန်ချက်တွင် မော်တော်ယာဉ် ချေးငွေရယူခြင် းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့် စံသတ်မှတ်ချက်များ ပါဝင်ပါသည်။ ချေးငွေလျှောက်ထားသူ၏ ချေးငွေ ပြန်လည် ပေးဆပ်နိုင်မှု အခြေအနေ သုံးသပ်ခြင်း၊ မော်တော်ယာဉ် အသစ်/အဟောင်းများအတွက် ချေးငွေ တန်ဖိုးတွက်ချက်ခြင်း များပါဝင်သည်။ ၎င်းလမ်းညွှန်ချက်သည် ချေးငွေ နှင့် အာမခံပစ္စည်း အကဲဖြတ်မှုများတွင် ဆုံးရှုံးမှုများ လျော့နည်းအောင် အလေးထားဆောင်ရွက်ပါသည်။
-
ငွေသားကို အာမခံထားသော ချေးငွေများ ချထားခြင်းအတွက် လမ်းညွှန်ချက်
ဤလမ်းညွှန်ချက်တွင် ချေးငွေလျှောက်ထားသူ၏ အပ်ငွေအား အာမခံထား၍ ချေးငွေများကို အကဲဖြတ်ခြင်း နှင့် အတည်ပြု ဆောင်ရွက်ချက်များ ပါဝင်သည်။ ချေးငွေလျှောက်ထား ခြင်း၊ ချေးငွေလျှောက်လွှာအား စိစစ်ခြင်း၊ စာရွက်စာတမ်းများစစ်ဆေးခြင်း၊ အာမခံပစ္စည်းတန်ဖိုးအားအကဲဖြတ်ခြင်း၊ ချေးငွေအတည် ပြုချက်ရယူခြင်း နှင့် ချေးငွေထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များပါဝင်သည်။ ထိုလမ်းညွှန်ချက်များသည် ငွေချေးသူများကို ဘဏ္ဍငွေရရှိရန် ပံ့ပိုးဆောင်ရွက်နေစဥ်တွင် ဘဏ်၏အကျိုးစီးပွားကို ကာကွယ်ပေးရန် အထူးဂရုစိုက်သင့်ပါသည်။
-
ပမာဏသေးငယ်သောချေးငွေများ ချထားခြင်းအတွက် လမ်းညွှန်ချက်
ဤလမ်းညွှန်ချက်တွင် ဆုံးရှုံးနိုင်ခြေမြင့်မားသည့် unsecured ကာလတိုချေးငွေများဖြစ်သည့် လျှပ်စစ် ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းဆိုင်ရာချေးငွေရယူခြင်း လုပ်ငန် းစဉ်များပါဝင်သည်။ ချေးငွေသက်တမ်း အား ချေးငွေလျှောက်ထား သူ၏ ဝင်ငွေ ၊ ချေးငွေ-ဝင်ငွေအချိုး ၊ ချေးငွေ ပြန်လည် ပေးဆပ် နိုင်မှုအပေါ်မူတည်၍ သတ်မှတ်ပါသည်။
