top of page
deposit_cover.jpg

Secured Personal Term Loan with Pledged Immovable Properties

What We Offer

  • Competitive Interest: Earn up to 8.5% p.a. on your daily balances, with interest deposited into your account quarterly.

  • Unlimited Transactions: Make deposits, withdrawals, and transfers with no restrictions, giving you full control over your finances.

  • Branch and Digital Access: Easily manage your account at any of our branches or through our convenient online and mobile banking platforms.

Is This Account Right For You?

This account is perfect for individuals in Myanmar who:

  • Want a convenient and flexible account for daily transactions.

  • Seek to earn competitive interest on their savings.

Government Assisted Loans / MSME လုပ်ငန်းလည်ပတ်မှုချေးငွေ

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေ

နိုင်ငံတော်၏ မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ မှတဆင့် Myanmar Metro Bank သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးရန်အတွက် မြန်မာ့စီးပွားရေးဘဏ် နှင့် ပူးပေါင်း၍ MSME Development Financing အစီအစဉ်ကို ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။ MSME Development Financing သည် MSME လုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုကို မြှင့်တင်နိုင်ရန်၊ ၎င်းတို့၏ လုပ်ငန်းစွမ်းဆောင်ရည်ကို ချဲ့ထွင်နိုင်ရန် နှင့် ရေရှည် တည်တံ့ သော အောင်မြင်တိုးတက်မှုကိုရရှိစေရန်အတွက် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ ပံ့ပိုး ပေးနိုင်ရန် ရည်ရွယ်ပါသည်။

MSME Development Financing သည် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် အဓိက ထောက်တိုင်များဖြစ်သော ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန် ဆောင်ရွက်နိုင်ရေးအတွက် အရေးကြီး သော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ငွေကြေးဆိုင်ရာထောက်ပံ့မှုများနှင့် လိုအပ်သောဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် နှင့် နိုင်ငံ၏ စီးပွားရေးအသွင်ကူးပြောင်းမှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပါသည်။

Metro Bank သည် MSME လုပ်ငန်းများ ရေရှည်တည်တံ့အောင်မြင်မှုများ ရရှိစေရန် ရည်ရွယ်၍ လုပ်ငန်းများအလိုက် ရင်ဆိုင်နေရသည့် မတူညီသော စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်၊ လိုက်လျောညီထွေမှုရှိသော ကာလ သတ်မှတ်ချက်များ၊ သက်သာသောအတိုးနှုန်းများဖြင့် လုပ်ငန်းလည်ပတ်မှုချေးငွေ (Working Capital Loans) နှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာ/ပုံသေပိုင်ပစ္စည်းဝယ်ယူရန်ချေးငွေ (Asset Loans) ဟူ၍ ရွေးချယ်နိုင်ရန် စီစဉ်ထားရှိ ပါသည်။

လုပ်ငန်းတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေမှု

ဤ ချေးငွေအစီအစဉ် သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်း ကြီးပွားတိုးတက်စေရန် အတွက် ရည်ရွယ်ပြီး လိုအပ်သော ပံ့ပိုးကူညီမှုများကို ရရှိစေနိုင်ပါသည်။

ရေရှည်အောင်မြင်မှုဦးတည်ချက်

ဤ ချေးငွေအစီအစဉ် သည် လုပ်ငန်း ရေရှည်တည်တံ့၍ တိုးတက် အောင်မြင်မှုကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး စိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်ရန် အထောက်အကူ ဖြစ်စေပါသည်။

အကျိုးကျေးဇူးများ

သင့်လုပ်ငန်းတိုးတက်အောင်မြင်ရေးအတွက် ကျွန်ုပ်တို့၏ MSME လုပ်ငန်းလည်ပတ်မှုချေးငွေ( MSME Working Capital Loan) များကို ယခုပဲ ရယူလိုက်ပါ။ ဤချေးငွေများကို အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း များ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားပြီး သင့်တင့်သော အတိုးနှုန်း၊ လိုက်လျောညီထွေမှု ရှိသော သက်တမ်းကာလ သတ်မှတ်ချက်များဖြင့် သင့်လုပ်ငန်းတိုးတက်အောင်မြင်ရေးအတွက် အထောက်အပံ့ ပေးနိုင်ရန် အသင့်ရှိနေပါသည်။

MSME လုပ်ငန်းလည်ပတ်မှုချေးငွေ

ကျွန်ုပ်တို့၏ကမ်းလှမ်းချက်များ

ဤချေးငွေသည် သင့်လုပ်ငန်းအတွက် သင့်လျော်မှုရှိပါသလား?
ဦးစားပေးအစီအစဉ်အနေဖြင့် ထုတ်ချေးပေးမည့် စီးပွားရေးလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ၊

  • နိုင်ငံ၏ ပို့ကုန်ဝင်ငွေ တိုးတက်စေသည့် လုပ်ငန်းများ

  • လုပ်ငန်းအတွင်း စွန့်ပစ်ရေဆိုးများအား ထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင် အန္တရာယ်ကျရောက်မှုမှကင်းဝေးရန် ဆောင်ရွက်မည့် လုပ်ငန်းများ

  • စွမ်းအင်ချွေတာရေးလုပ်ငန်းများ

  • ပြည်သူများ အလုပ်အကိုင်ရရှိရေး ဖန်တီးပေးနိုင်သည့်လုပ်ငန်းများ

  • ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို အခြေခံ၍ ထုတ်လုပ်သောလုပ်ငန်းများ

  • ပြည်သူများ၏ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရေး မြှင့်တင်နိုင်သည့် လုပ်ငန်းများ

ကန့်သတ်တားမြစ်ထားသော စီးပွားရေးလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်
 

  • အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း

  • အာမခံလုပ်ငန်းများ

  • အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ

  • အဖိုးတန်သတ္တုကျောက်များရောင်းဝယ်ခြင်း

  • အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံများ(ခရီးသွားလုပ်ငန်းမှအပ)

  • ဖျော်ဖြေရေး ပျော်ပွဲရွှင်ပွဲဆိုင်ရာလုပ်ငန်းများ

  • ပေါက်ကွဲစေတတ်သော ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း (လက်နက်များ၊ ခဲယမ်း၊မီးကျောက်များ)

  • မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော အရာများ ထုတ်လုပ် ဖြန့်ဖြူးရောင်းဝယ်ခြင်း လုပ်ငန်းများ

  • ဥပဒေအရ ကိုက်ညီမှုမရှိသော တားမြစ် ကန့်သတ်ထားသောလုပ်ငန်းများ

  • သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသောလုပ်ငန်းများ

  • သင့်တော်သော ချေးငွေပြန်လည်ပေးဆပ်မှု အစီအစဉ်များ - သင့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဆင်ပြေသည့် ချေးငွေပြန်လည်ပေးဆပ်မှုအစီအစဉ်များကို ရွေးချယ်၍ သင်၏ငွေကြေးများကို စီမံခန့်ခွဲ နိုင် ရန် ပိုမိုလွယ်ကူစေပါသည်။

  • အသက်သာဆုံးသော အတိုးနှုန်းထားများ - အသက်သာဆုံး အတိုးနှုန်းထားဖြင့် သင်၏ လုပ်ငန်းလှည့်လည် သုံးစွဲငွေများ တိုးပွားလာနိုင်ပြီး ငွေကြေးလိုအပ်ချက် ဖိအားကို လျှော့ချစေနိုင်ပါသည်။

fees-removebg-preview.png
  • Interest Rate: as low as 12% p.a.

  • Service Charge: 1% – 2% on loan amount

  • Loan Tenure: 1 – 3 years

  • Penalty Fee: up to 3% p.a.(charged daily on overdue days)

  • Pre-Closure Charge: Up to 4% on prepaid amount

  • ချေးငွေအတိုးနှုန်း - ၃% - ၄%

  • ချေးငွေကာလ     - ၁ နှစ် (အများဆုံး ၁ နှစ်နှင့် ၆ လအထိ)

  • ပျက်ကွက်ကြေး - ပျက်ကွက်သည့်အရင်းပေါ်တွင် ပျက်ကွက်သည့် နေ့ရက်အလိုက် တစ်နှစ်လျှင် ၁% ကောက်ခံပါမည်။

  • နောက်ကျကြေး   - အတိုးပေးသွင်းရန် နောက်ကျသည့်ရက်အလိုက် စာရင်းပိုထုတ်ချေးငွေအတိုးနှုန်း အတိုင်း ကောက်ခံပါမည်။

ချေးငွေပြန်လည်ပေးဆပ်ရမည့် အစီအစဉ်

အောက်ဖော်ပြပါ ချေးငွေပြန်လည်ပေးဆပ်ရမည့် အစီအစဉ်များသည် သင်၏ ဘဏ္ဍာရေးလိုအပ်ချက်များနှင့် Credit Profile အပေါ် အခြေခံကာ ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်များ ဖြစ်ပါသည်။

ချေးငွေအရင်း ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်

  • ချေးငွေသက်တမ်း (၁) နှစ် ဖြစ်ပါက သက်တမ်းစေ့ချိန်တွင် တစ်လုံးတည်းပေးဆပ်ရပါမည်။

  • ချေးငွေသက်တမ်း (၁) နှစ် (၆) လ ဖြစ်ပါက ပထမ (၆) လ ဆိုင်းငံ့၊ ဒုတိယ (၆) လ ၅၀% ၊ တတိယ (၆) လ  (သက်တမ်းပြည့်ချိန်)တွင် ၅၀%

ချေးငွေအတိုး ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်

  • လစဉ် (သို့မဟုတ်) သုံးလပတ်

မလျှောက်ထားမီ ၊ ဝန်ဆောင်မှု ရယူရန် လိုအပ်ချက်များ

Interest Rate

  • Below 100 million MMK – 8.0% p.a.

  • 100 million MMK and above – 8.5% p.a.

⦁ No account opening fee

⦁ Account Maintenance Fee of 1,500MMK will be charged if there is no activity for one year.

fees-removebg-preview_edited_edited.png

CALCULATE YOUR INTEREST

Loan Calculator

comingsoon (1).png

MSME လုပ်ငန်းလည်ပတ်မှုချေးငွေ

Common questions about MSME Asset Loans

faq.png
  • အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ချေးငွေ လျှောက်ထားရာတွင် ပြည်ထောင်စုနယ်မြေ/တိုင်းဒေသကြီး၊ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရုံးခွဲများမှတစ်ဆင့် လျှောက်ထားနိုင်ပြီး နီးစပ်ရာ MSME အေဂျင်စီရုံးခွဲများသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း နှင့် Metro Bank ၏ ရုံးချုပ် Hot Line များကိုလည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

  • ချေးငွေကို သက်တမ်းတိုး၍ မရပါ။ သို့သော် ချေးငွေအား Working Capital အတွက် ၁၀၀% အသုံးပြုမည် ဆိုပါက ချေးငွေကို အများဆုံး (၃) ကြိမ် ထုတ်ချေးပေးနိုင်ပါသည်။

  • ကျွန်ုပ်တို့သည် ချေးငွေအဆိုပြုချက်ကို အကဲဖြတ်စိစစ်သွားမည်ဖြစ်သော်လည်း ဦးစားပေးစာရင်းတွင်ပါဝင်မည် မဟုတ်ပါ။ သင့်လုပ်ငန်းသည် ကန့်သတ်ထားသော လုပ်ငန်းစာရင်းတွင် မပါဝင်ပါက ဘဏ်မှ လျှောက်လွှာကို လက်ခံဆောင်ရွက်သွားပါမည်။

  • ချေးငွေအရင်းနှင့်အတိုး နောက်ကျသည့်အတွက် ကောက်ခံသည့် နောက်ကျကြေးများမှ လွဲ၍ အခြား အခကြေးငွေ များအား ထပ်မံကောက်ခံမည်မဟုတ်ပါ။ စီမံခန့်ခွဲမှု အခကြေးငွေကိုလည်း ကောက်ခံမည်မဟုတ်ပါ။

  • SME အဖွဲ့ဝင်ကတ်ကို https://msmewebportal.gov.mm/user/login တွင် အွန်လိုင်းတွင် ဖြည့်သွင်းခြင်းဖြင့် SME အဖွဲ့ဝင်ကတ် (သို့) ယာယီ မှတ်ပုံတင်ကတ်ကို ရယူနိုင်ပါသည်။ မှတ်ပုံတင်ကြေးအား ၎င်းတို့၏ လုပ်ထုံးလုပ်နည်း များနှင့်အညီ ခွင့်ပြုထားသော ငွေပေးချေမှုများဖြင့် အွန်လိုင်းတွင် ပေးဆောင်နိုင်ပါသည်။ တနည်းအားဖြင့် နီးစပ်ရာ ဘဏ်ခွဲရှိ Relationship Manager များထံမှ အကူအညီတောင်းခံနိုင်ပါသည်။

  • SME အဖွဲ့ဝင်ကတ်ကို https://msmewebportal.gov.mm/user/login တွင် ပေးထားသည့် link မှတစ်ဆင့် လျှောက်ထားနိုင်သည်။ လျှောက်လွှာအတွက် အောက်ပါစာရွက်စာတမ်းများ လိုအပ်ပါသည်။

    ၁။ ပတ်စပို့ဆိုဒ်ဓာတ်ပုံ (၄) ပုံ (နောက်ခံအပြာရောင်)

    ၂။ အိမ်ထောင်စုစာရင်း

    ၃။ သက်ဆိုင်ရာဌာနများမှရရှိသောလိုင်စင်/ခွင့်ပြုချက်/မှတ်ပုံတင်ခြင်း။

    ထပ်မံ စုံစမ်းမေးမြန်းလိုပါက နီးစပ်ရာ ဘဏ်ခွဲသို့ ဆက်သွယ် အကူအညီတောင်းခံရန် မေတ္တာရပ်ခံအပ်ပါသည်။

  • SME အဖွဲ့ဝင်များ၏ လုပ်ဖော်ကိုင်ဖက်များ အချင်းချင်းချိတ်ဆက်နိုင်ခြင်း၊ ကုန်ထုတ်လုပ်မှုနည်းပညာနှင့် ခေတ်ရေ စီးကြောင်းဆိုင်ရာ အသိပညာများရရှိနိုင်ခြင်း၊ တရားဝင်ခွင့်ပြုထားသော ဘဏ်များမှ SME ချေးငွေများဖြင့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ဦးဆောင် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်ခြင်း တို့ကြောင့် ရယူထားရန် လိုအပ်ပါသည်။

    • မြေနှင့်အဆောက်အဦ မြေအမျိုးအစား၊ ဘိုးဘွားပိုင်မြေ ၊ ဂရန်မြေ အဆောက်အဦ၊ ကွန်ကရစ်တိုက် RC ၊ အုတ်ညှပ်အဆောက်အဦ ၊ တိုက်ခံအိမ် ၊ အုတ်ပတ်ကားတိုက် ၊ Steel Structure

    • စက် ၊ ယာဉ်ယန္တရား

    • ငွေစုလက်မှတ်

    • အစိုးရငွေတိုက်စာချုပ်

    • စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)

    • အပေါင်ပြုနိုင်သည့် ငွေချေးသက်သေခံလက်မှတ်များ

  • သင်၏ လက်ရှိ ချေးငွေများကို အပြည့်အဝပြန်လည်ပေးဆပ်ပြီးနောက် ဘဏ်တွင် ချေးငွေလာရောက်လျှောက်ထား နိုင်ပါသည်။

  • ရက်လွန်ချေးငွေများ၏အရင်း၊ အတိုးများနှင့်နောက်ဆက်တွဲလုပ်ငန်းစဉ်များကို ချေးငွေချပေးသည့် ဘဏ်မှ ဆုံးရှုံးနိုင်ခြေနှင့်အတူ လွှဲပြောင်းတာဝန်ယူ ကောက်ခံဆောင်ရွက်သွားပါမည်။ သို့ဖြစ်ရာ နောက်ကျကြေးများကို နောက်ကျသည့် ရက်အလိုက် စာရင်းပိုထုတ်ချေးငွေနှုန်း အတိုင်း ကောက်ခံပါမည်။

  • ရှိနိုင်ပါသည်။ လျှောက်ထားလာသည့် လုပ်ငန်း၏အမျိုးအစား၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှု၊ ငွေကြေးအင်အား ၊ အာမခံတောင့်တင်းခိုင်မာမှုနှင့် အခြားချေးငွေချပေးမှုဆိုင်ရာအကဲဖြတ်စစ်ဆေးမှုစံနှုန်းများအား ထည့်သွင်းစဉ်းစား ခွဲခြမ်းစိတ်ဖြာ၍ ချေးငွေချပေးမည့်ဆုံးဖြတ်ချက်အား ချမှတ်သွားမည် ဖြစ်ပါသည်။

working-capital-loan.png

ဆက်စပ်(Products)များ

BUSINESS CORPORATE

MSME Assets Loans

CALCULATE YOUR INTEREST

Savings Calculator

Deposit Type

High-Yield Savings Accounts

Enter Deposit Amount
Enter Interest Rate
Enter Duration in months
Total interest you can earn on

23,000,000 Ks

Mask group
Mask group
Metro Bank Logo 6
Calculate
Reset
bottom of page