top of page
logo-white.png
AML CFT Policies.png

AML CFT Policies

Myanmar Metro Bank AML/CFT/CFP Policies and Guidelines

Myanmar Metro Bank သည် ငွေးကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု နှင့် လူအများအပြား သေကြေစေသော လက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ရန် ကတိပြုပါသည်။ ဘဏ်၏ ချမှတ်ထားသော မူဝါဒများနှင့် လမ်းညွှန်ချက်များသည် မြန်မာနိုင်ငံတွင်းတွင် ထုတ်ပြန်ထားသော ဥပဒေ နှင့် စဉ်းမျဉ်းစည်းကမ်းများ အပြင် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ကိုက်ညီအောင် စီစဉ်ထားရှိပါသည်။ ဆုံးရှုံးနိုင်ခြေမြင့်မားမှု အနေအထားပေါ် အခြေခံပြီး စီမံခန့်ခွဲခြင်း (Risk-based Approach) ကို ကျင့်သုံးခြင်းအားဖြင့် ငွေလွှဲပြောင်းခြင်းများကို ကြိုတင်မှန်းဆစောင့်ကြည့်ခြင်း၊ ဆက်သွယ်ဆောင်ရွက်သူများ အပေါ် အလေးထားစိစစ်ခြင်း တို့ဖြင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ မိမိတို့ ဘဏ်လုပ်ငန်းစဉ် အဆင့်ဆင့်တွင် အမြင့်မားဆုံးသော သိက္ခာသမာဓိကို စောင့်ထိန်းနိုင်ရန် နှင့် နိုင်ငံ၏ ငွေရေးကြေးရေးစနစ်တခုလုံးကို တတပ်တအား မြင့်တင်နိုင်ရန်အတွက် ဥပဒေနှင့် စဉ်းမျဉ်းစည်းကမ်းများကို စောင့်ကြည့် လိုက်နာခြင်းနှင့် စဉ်ဆက်မပျက်တိုးတက်အောင် ဆောင်ရွက်ခြင်းတို့အားဖြင့် ကြိုးစားသွားမည် ဖြစ်ပါသည်။

မူဝါဒများ နှင့် မူဘောင်များ
  • Anti-Money Laundering, Countering the Financing of Terrorism, and Countering the Financing of Proliferation Policy (AML/CFT/CFP Policy):

ဤ Policy တွင် ငွေကြေးခဝါချမှု ၊ အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှု ၊ လူအများအပြားသေကျေစေ သောလက်နက်များ ပြန့်ပွားရေး အပေါ် ငွေကြေးထောက်ပံ့မှု တို့အား တိုက်ဖျက်ရေး နှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားပါသည်။ ဤမူဝါဒသည် FATF မှ ချမှတ်ထားသည့် နိုင်ငံတကာစံနှုန်းများ အပြင် မြန်မာနိုင်ငံ၏ စည်းမျဉ်းစည်းကမ်း မူဘောင်များကို အခြေခံ ရေးဆွဲထားပါသည်။ ဤမူဝါဒတွင် ပါဝင်သည့် ဖော်ပြချက်များသည် ဘဏ်၏ ဝန်ထမ်းများ၊ အရာထမ်းများ၊ ဒါရိုက်တာ များ၊ စီးပွားရေးမိတ်ဖက်များ အားလုံးအတွက် အကျုံးဝင်ပါသည်။ ဤမူဝါဒသည် ဆုံးရှုံးနိုင်ခြေများကို သတ်မှတ်ခြင်း၊ လျော့ချခြင်း ၊ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း (CDD) ၊ ငွေကြေးလွဲပြောင်းမှုများကို စောင့်ကြည့်ခြင်း ၊ ဌာနတွင်း ထိန်းချုပ်မှုများဆောင်ရွက်ခြင်းစသည့် ဆုံးရှုံးနိုင်ခြေမြင့်မားမှုအနေအထား(Risk-based Approach)ပေါ်မူတည်ပြီး ရေးဆွဲထား ခြင်းဖြစ်ပါသည်။

  • AML/CFT/CFP Risk Management Framework:

AML/CFT/CFP ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု မူဘောင်သည် ငွေကြေးခဝါချမှု ၊ အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှု ၊ လူအများအပြားသေကျေစေသော လက်နက်များ ပြန့်ပွားရေး အပေါ် ငွေကြေးထောက်ပံ့မှု တို့နှင့် စပ်လျဉ်း၍ ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲခြင်း နည်းလမ်းများကို စနစ်တကျ ဖော်ပြထားရှိပါသည်။ ဒါရိုက်တာအဖွဲ့ဝင်များမှစ၍ Customer များနှင့် ထိတွေ့ဆက်ဆံရသော ဝန်ထမ်းအထိပါ ခြုံငုံထားပြီး ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုတာဝန်များကို ရှင်းလင်းစွာ ဖော်ပြထားရှိပါသည်။ ဘဏ်၏ဆုံးရှုံးနိုင်ခြေများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် အဓိက ပါဝင်သည့်အချက်များမှာ ငွေကြေးလွဲပြောင်းမှုများကို စဉ်ဆက်မပြတ်စောင့်ကြည့်သော လုပ်ငန်းစဉ်များ၊ သတင်းပေးပို့ခြင်းတာဝန်များ၊ နည်းပညာကို အသုံးပြုပြီး ဆုံးရှုံးနိုင်ခြေများ စီမံခန့်ခွဲ ခြင်းတို့ဖြစ်ပါသည်။ ဘဏ်၏ ဝန်ထမ်းများအားအတွက်လည်း သင်တန်းများ ပုံမှန်ပေးခြင်းတို့ကို ဆောင်ရွက်သွားရန် ပြဌာန်းထားပါသည်။

NRC-Pamphlet-2.jpg
NRC-Pamphlet-1.jpg

“သတိပြုဖွယ် နိုင်ငံသားစိစစ်ရေးကတ်အတုနှင့် အွန်လိုင်းလိမ်လည်မှု အန္တရာယ်”

နိုင်ငံသား စိစစ်ရေးကတ်(NRC) အတုနှင့် ကိုယ်ရေးအချက်အလက်များကို အသုံးပြု၍ မသမာသူ ဒုစရိုက်သမားများမှ  Online ပေါ်တွင် တလွဲအသုံးချ/လိမ်လည်မှုအန္တရာယ်များကို Metro Bank ၏ Customer များအနေဖြင့် သတိပြုကာကွယ်နိုင်ရန် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Myanmar Financial Intelligence Unit - MFIU) မှ ထုတ်ပြန်ထားသည့် အချက်များအား မျှဝေပေးလိုက်ရပါသည်။ 

အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် နှင့် ကိုယ်ရေးအချက်အလက်များအား ဒုစရိုက်သမားများ၏ တလွဲအသုံးချမှုမခံရစေရေးအတွက် ပြည်သူများသို့ သတိပေးနှိုးဆော်ချက်

- "မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်ကို မျှဝေခြင်းသည် မိမိကိုယ်ကို အန္တရာယ်ပေးခြင်းနှင့်တူသည်" 
- "မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ခြင်းသည် မိမိ၏တာဝန်ဖြစ်သည်" 
- "နိုင်ငံသားစိစစ်ရေးကတ်အတုများသည် သင့်အား အမှုအခင်းပြဿနာများထဲသို့ ဆွဲခေါ်နိုင်သည်၊ သတိထားပါ" 
- "စစ်မှန်သော နိုင်ငံသားစိစစ်ရေးကတ်ဖြင့်သာ နိုင်ငံသားအဖြစ် ဂုဏ်ယူပါ"
- "နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲသူများသည် ရာဇဝတ်မှုတွင် ပါဝင်နေပါသည်" 
- "နိုင်ငံသားစိစစ်ရေးကတ်အတုများကို သုံးစွဲခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်သည်" 

အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာတွင် နိုင်ငံသားစိစစ်‌ရေးကတ် နှင့် ကိုယ်ရေးအချက်အလက်များအား ဒုစရိုက်သမားများ၏ တလွဲအသုံးချမှုမခံရစေရေးအတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် သတိပေးချက် 

- မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား တရားဝင်လုပ်ငန်းကိစ္စရပ်များမှတစ်ပါး အခြားသူတစ်ဦး တစ်ယောက်ထံ မပေးပါနှင့်၊ 
- မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်အား မလိုအပ်ဘဲ မိတ္တူကူးယူ၍ မသက်ဆိုင်သူထံ ပေးအပ်ခြင်း မပြုပါနှင့်၊ 
- နိုင်ငံသားစိစစ်ရေးကတ် နှင့် ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းပေါ်တွင် မျှဝေခြင်း မပြုပါနှင့်။

Metro Bank ၏ Customer များ အနေဖြင့် ငွေကြေးလိမ်လည်မှုများ၊ မသမာမှုများမှ ကာကွယ်တားဆီးနိုင်ရန်အောက်ပါ လက်ကမ်းစာစောင်တွင်ပါရှိသော အကြံပြုချက်များကို လိုက်နာရန်လိုအပ်ပါသည်။

လမ်းညွှန်ချက်များ
  • Guidelines on Customer Due Diligence (CDD) and Enhanced Due Diligence (EDD) for Customers:

ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူ Customerများ အားလုံးအတွက် အလေးထား ဆောင်ရွက်ခြင်းဆိုင်ရာ CDD နှင့် EDD လမ်းညွှန်ချက်တွင် ဘဏ်သို့ စတင်လာရောက်သည့် Customers နှင့် ဘဏ်တွင်ရှိနေပြီးသား Existing Customers များ၏ အထောက်အထားများကို စိစစ်ရယူထားခြင်း ၊ ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဖော်ပြထားရှိပါသည်။

  • Guidelines on Customer Risk Categorization:

ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူနှင့် ဆိုင်သည့် ဆုံးရှုံးနိုင်ခြေများကို အမျိုးအစားခွဲခြင်း လမ်းညွှန်ချက်တွင် Customer များကို ပထဝီအနေအထား အရလည်းကောင်း၊ အလုပ်အကိုင် အရလည်းကောင်း၊ လုပ်ငန်း Industry/Sector အရလည်းကောင်း၊ ငွေကြေးလွဲပြောင်းမှု ပုံစံအရလည်းကောင်း ၊ စီးပွားရေးဆိုင်ရာ စပ်ဆက်ပုံအရ လည်းကောင်း ဆုံးရှုံးနိုင်ခြေများကို customer တစ်ဦးချင်းအလိုက် Low ၊ Medium ၊ High နှင့် Unacceptable ဟူ၍ ခွဲခြားသတ်မှတ်ထားပြီး သင့်လျော်သည့် KYC၊ CDD နှင့် EDD လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် လမ်းညွှန် ထားရှိပါသည်။

  • Guidelines on Internal AML/CFT/CFP Reporting:

AML/CFT/CFP သတင်းပေးပို့မှုဆိုင်ရာ လမ်းညွှန်ချက်တွင် ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူသည် သတ်မှတ်ပမာဏထက် ကျော်လွန်၍ ငွေကြေးလွဲပြောင်းဆောင်ရွက်ခြင်း (သို့မဟုတ်) သံသယဖြစ်ဖွယ်လွဲပြောင်းမှုများရှိပါက စိစစ်အကဲဖြတ်ခြင်း၊ သတင်းပေးပို့ခြင်း လုပ်ငန်းစဉ်များကိုလည်း ရေးဆွဲထားရှိပါသည်။

  • Guidelines on Transaction Monitoring, Investigation, and Reporting:

ငွေကြေး လွဲပြောင်း ဆောင်ရွက်မှုများအပေါ် စောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်း၊ သတင်းပေးပို့ အစီရင်ခံခြင်းဆိုင်ရာ လမ်းညွှန်ချက်တွင် သံသယဖြစ်ဖွယ် လွဲပြောင်းဆောင်ရွက်မှုများ အပေါ်စောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်း နှင့် အစီရင်ခံခြင်း လုပ်ငန်းစဉ်များကို ဖော်ပြထားပါသည်။ တရားမဝင် ငွေကြေး ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍ ဆုံးရှုံးနိုင်ခြေများကို လျော့ချနိုင်ရန် အတွက် စဉ်ဆက်မပြတ်သင်တန်းများ ပို့ချခြင်း၊ နည်းပညာအကူအညီဖြင့် ငွေကြေးလွဲပြောင်းမှုများ ကို စောင့်ကြည့်စစ်ဆေးခြင်း တို့ကို ဆောင်ရွက်ထားရှိပါသည်။

Myanmar Banks Association Statement

bottom of page