top of page
logo-white.png

ရန်ကုန်၊ မြန်မာနိုင်ငံ၊ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့။ မြန်မာမက်ထရိုဘဏ်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် Indian Chamber of Commerce မှ ကျင်းပသော 4th ICC Emerging Asia Banking Conclave & Awards 2026 တွင် "The Best Performance on Growth" ဆုကို ချီးမြှင့်ခံရပါသည်။

ဤဆုသည် ဘဏ်၏ အဓိက ငွေကြေးနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာစွမ်းဆောင်ရည်များတွင် တိုးတက်မှုအတွက် အသိမှတ်ပြု ချီးမြှင့်ခံရခြင်း ဖြစ်ပါသည်။ ထို့အပြင် ၂၀၂၃ ခုနှစ် အစောပိုင်းကာလကမှ စတင်ခဲ့သည့် ဘဏ်၏ ပြုပြင်ပြောင်းလဲရေး ခရီးလမ်းတစ်လျှောက် ရရှိခဲ့သော တိုးတက်မှုများကိုလည်း ထင်ဟပ်စေပါသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာမက်ထရိုဘဏ်သည် လုပ်ငန်းအတွင်း သိသာထင်ရှားသော ရလဒ်များကို ရရှိခဲ့ပါသည်။ Customer များ၏ အပ်ငွေပမာဏသည် ၁၁၂ ရာခိုင်နှုန်း ထိတိုးမြင့်လာပြီး၊ စုစုပေါင်း ပိုင်ဆိုင်မှု (Asset) များ၏ နှစ်ဆကျော် တိုးလာကာ၊ စုစုပေါင်း ဝင်ငွေသည် ၁၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ဤရလဒ်များသည် Customer များ၏ ယုံကြည်မှု တိုးမြင့်လာခြင်း၊ စနစ်တကျ အကောင်ထည်ဖော် ဆောင်ရွက်နိုင်မှု နှင့် ဘဏ်၏ ငွေကြေးအခြေအနေနှင့် ဝန်ဆောင်မှုစွမ်းရည်များအား ဆက်လက် အားကောင်းအောင် ဆောင်ရွက်နေမှုတို့ကို ပေါ်လွင်စေခြင်း ဖြစ်ပါသည်။

မြန်မာမက်ထရိုဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးရဲထွန်းဦး က "ယခုဆုကို ရရှိခြင်းသည် လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း မြန်မာမက်ထရိုဘဏ် ရရှိခဲ့သော တိုးတက်မှုများ၏ အရေးကြီးသော အသိအမှတ်ပြုမှုတစ်ခု ဖြစ်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။ "ယခုကဲ့သို့ ဘဏ်၏ တိုးတက်မှုသည် ဒါရိုက်တာအဖွဲ့၏ လမ်းညွှန်မှု၊ ရှယ်ယာရှင်များ၏ ဆက်လက် ပံ့ပိုးမှု၊ ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုအပြင် Customer များနှင့် စီးပွားရေးမိတ်ဖက်များရဲ့ ကျွန်တော်တို့ ဘဏ်အပေါ် ထားရှိသော ယုံကြည်မှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။ ယခုကဲ့သို့ အားပေးပံ့ပိုးမှုများ ပေါင်းစပ်ခြင်းအားဖြင့် ကျွန်တော်တို့အတွက် တိကျခိုင်မာသော မဟာဗျူဟာကို အကောင်အထည်ဖော်ခွင့်နှင့် ပိုမို အားကောင်းပြီး ဆန်းသစ်ကာ ယုံကြည်စိတ်ချရသော ဘဏ်တစ်ခုအဖြစ် တည်ဆောက်ခွင့် ရရှိခဲ့ပါတယ်" ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ် အစောပိုင်းကာလကတည်းက မြန်မာမက်ထရိုဘဏ်သည် Customer များ၏ ယုံကြည်မှုကို အားကောင်းအောင် ဆောင်ရွက်ခြင်း၊ လုပ်ငန်းလည်ပတ်မှုပုံစံကို ခေတ်မီအောင် ပြုပြင်ခြင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် ဆုံးရှုံးနိုင်ခြေများအား ကောင်းမွန်စွာ စီမံခန့်ခွဲမှုနှင့် စည်းမျဉ်းစည်းကမ်းနှင့် အညီ စီမံအုပ်ချုပ်ခြင်း စသည်ဖြင့် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ကာ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို လိုက်နာ ဆောင်ရွက်ခဲ့ပါသည်။

ဘဏ်၏ ပြုပြင်ပြောင်းလဲရေးမှုတွင် အရေးပါသော မှတ်တိုင်တစ်ခုမှာ Core Banking ခေတ်မီအောင် ပြုပြင်ရေး စီမံကိန်းဖြစ်သည့် Project Horizon ကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါသည်။ ဤစီမံကိန်းမှတစ်ဆင့် ဘဏ်သည် Temenos Infinity ဖြင့် အသုံးပြု၍ လည်ပတ်သော Digital Banking ပလက်ဖောင်းကို မိတ်ဆက်ရန် စီစဉ်ထားပြီး၊ ပြန်လည် အသစ်ပြင်ဆင်ထားသော ဝက်ဘ်ဆိုက် ကိုလည်း စတင် မိတ်ဆက်ခဲ့ပါသည်။ ဤကဲ့သို့ တိုးတက်မှုများသည် ဘဏ်၏ ဒစ်ဂျစ်တယ် စွမ်းရည်များကို အားကောင်းစေပြီး၊ Customer များ လက်လှမ်းမီနိုင်မှုကို တိုးတက်စေကာ၊ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို ကျယ်ပြန့်စွာ တိုးချဲ့နိုင်သော အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ပေးခဲ့ပါသည်။

ဒစ်ဂျစ်တယ် ပြောင်းလဲရေးလုပ်ငန်းများနှင့်အတူ မြန်မာမက်ထရိုဘဏ်သည် ဘဏ်ခွဲများကို ပြန်လည်ပြုပြင်ပြောင်းလဲခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆက်လက်ဆောင်ရွက်ခြင်းအားဖြင့် ဝန်ဆောင်မှု ကွန်ရက်ကို ဆက်လက် အားကောင်းအောင် ဆောင်ရွက်ခဲ့ပါသည်။ မြန်မာမက်ထရိုဘဏ်သည် လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝှမ်း ဘဏ်ခွဲပေါင်း ၁၄ ခုဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ ငွေကြေးစနစ် ကွန်ရက်တွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးများ တည်ဆောက်ခြင်းအားဖြင့် ဘဏ်၏ အခန်းကဏ္ဍကို ပိုမို အားကောင်းစေခဲ့ပါသည်။  မြန်မာမက်ထရိုဘဏ်သည် MSME လုပ်ငန်းများ ကို ပံ့ပိုးပေးနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်နှင့် ပူးပေါင်း၍ Participating Financial Institution အဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ မြန်မာမက်ထရိုဘဏ်သည် CB Life နှင့်အတူ bancassurance မိတ်ဖက်ဆက်ဆံရေးအတွက် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှု စာချုပ်ချုပ်ဆိုခဲ့ပြီး၊ Customer များအား ဘဏ်၏ ဝန်ဆောင်မှုများမှတစ်ဆင့် အသက်အာမခံ ဝန်ဆောင်မှုများ ရရှိစေခဲ့ပါသည်။

မြန်မာမက်ထရိုဘဏ်အနေဖြင့် ဤဆုချီးမြှင့်ခံရမှုသည် ဘဏ်၏ Customer များ၊ စီးပွားရေးမိတ်ဖက်များ၊ ရှယ်ယာရှင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ဝန်ထမ်းများအား ကိုယ်စားပြု၍ ရရှိခဲ့ခြင်းဖြစ်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ၎င်းတို့၏ ယုံကြည်မှု၊ လမ်းညွှန်မှု၊ ပံ့ပိုးမှုနှင့် ကတိကဝတ်တို့သည် ဘဏ်၏ ဆက်လက် တိုးတက်မှုတွင် အဓိက အခန်းကဏ္ဍ အဖြစ် ပါဝင်ခဲ့ပါသည်။

"Building Bridges and Powering Prosperity" ဟူသော ဘဏ်၏ မျှော်မှန်းချက်နှင့်အညီ၊ မြန်မာမက်ထရိုဘဏ်သည် လူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုအသိုက်အဝန်းများနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး တို့ကို ပိုမိုကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှုများကို ပံ့ပိုးပေးနိုင်မည့် တာဝန်ယူမှု ဝာာဝန်ခံမှု ရှိပြီး၊ Customer ဗဟိုပြုသည့် ဆန်းသစ်သော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ဆက်လက် ပေးအပ်သွားမည် ဖြစ်ပါသည်။

မြန်မာမက်ထရိုဘဏ်အကြောင်း မြန်မာမက်ထရိုဘဏ်ကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများအား ကူညီအားဖြည့်ပေးနေသော ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ ဘဏ်ခွဲ (၁၄) ဘဏ်နှင့် ကျွမ်းကျင်ဝန်ထမ်းပေါင်း (၃၀၀) ခန့်တို့ဖြင့် Customer များ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေလွယ်ကူစေရန် ခေတ်မီဝန်ဆောင်မှုများဖြင့် ဝန်ဆောင် ပေးလျက် ရှိပါသည်။ ပြည်တွင်းဈေးကွက်သာမက နိုင်ငံတကာ ငွေကြေးကဏ္ဍအခြေအနေများကိုပါ နားလည်သဘောပေါက်ထားပြီး Customer များအား ယုံကြည်မှုအပြည့်ဖြင့် ရှေ့ဆက်နိုင်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

ဘဏ်သည် လူပုဂ္ဂိုလ် များ နှင့် စီးပွားရေးလုပ်ငန်းများအား ငွေကြေးဆိုင်ရာ အခွင့်အလမ်းများနှင့် ချိတ်ဆက်ပေးရန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန်၊ ယုံကြည် စိတ်ချရသော ဘဏ္ဍာရေးဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းတစ်ခု အဖြစ် ဆောင်ရွက်ရန်နှင့် လူမှုအသိုက်အဝန်းအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ဖန်တီးပေးရန် ကတိကဝတ် ပြုထားပါသည်။



သတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက

ဘုန်းမြင့်ခိုင်

Head of Marketing and Communications

၀၉ ၄၄၆ ၅၃၀ ၇၀၀

Myanmar Metro Bank


hello@metrobank.com.mm

၀၉ ၇၇၉ ၈၈၈ ၈၃၈

Myanmar Metro Bank Unveils New Logo.png
မြန်မာမက်ထရိုဘဏ်၊ 4th ICC Emerging Asia Banking Conclave & Awards 2026 တွင် "The Best Performance on Growth" ဆု ချီးမြှင့်ခံရ

၂၀၂၆ ဇူလိုင် ၂၈

bottom of page