Metro Bank မိတ်ဟောင်းမိတ်သစ်များနှင့် လမ်းမတော်မြို့နယ်တွင်နေထိုင်ကြသော အများပြည်သူများ အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေကို လွယ်ကူ၊ လျှင်မြန်ပြီး ယုံကြည်စိတ်ချစွာဖြင့် ဝန်ဆောင်မှု ကောင်းများ ရရှိစေဖို့အတွက် ကျွန်တော်တို့ Metro Bank ၏ လမ်းမတော်ဘဏ်ခွဲအသစ်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ရက်နေ့ ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်းကို သတင်းကောင်း ပါးအပ်ပါတယ်။ ယခင်ဘုန်းကြီးလမ်းဘဏ်ခွဲအား ဆန်းသစ်သော အပြင်အဆင်နဲ့ ကောင်းမွန်သော ဝန်ဆောင်မှု များ ပေးနိုင်ရန် လမ်းမတော် ဘဏ်ခွဲ အဖြစ် လမ်းမတော်လမ်း မကြီးသို့ ပြောင်းရွှေ့ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ Metro Bank လမ်းမတော် ဘဏ်ခွဲအသစ်အနေနဲ့ အများပြည်သူအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ အဆင်ပြေလွယ်ကူစွာ၊ စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်အောင် ကျွမ်းကျင်ဝန်ထမ်းများမှ ဝန်ဆောင်မှုကောင်းများ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဘဏ်ခွဲ ဒီဇိုင်းတွင်လည်း လမ်းမတော်ပတ်ဝန်းကျင်ရဲ့ အငွေ့အသက်များကိုလည်း ထည့်သွင်းထားပါတယ်။ လူကြီးမင်းတို့အနေနဲ့ သက်တောင့်သက်သာဖြင့် ဘဏ်ဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်သော ဘဏ်ခွဲတစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ အားလုံးအတွက်ပါ ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို နေ့စဉ် ဆောင်ရွက်ခြင်း၊ ဆွေးနွေးအကြံပြုတိုင်ပင်ပေးခြင်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စအဝဝတို့ကိုပါ အကောင်းဆုံး ကူညီဆောင်ရွက် ပေးသွားမှာလည်း ဖြစ်ပါတယ်။
လမ်းမတော် ဘဏ်ခွဲ ဖွင့်လှစ်ပွဲနဲ့ပတ်သက်ပြီး Metro Bank ၏ Executive Director ဦးကောင်းထက်ထွန်းမှ
“ကျွန်တော်တို့ Metro Bank ရဲ့ အသွင်အပြင်အသစ်နဲ့ ဘဏ်ခွဲအသစ် ကို လမ်းမတော်တစ်ခွင်ရဲ့ ထူးခြားတဲ့ အငွေ့အသက်ကိုထင်ဟပ်ပြီး ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ရဲ့ Vision ဖြစ်တဲ့ Building Bridges and Powering Prosperity ဆိုတဲ့ဆောင်ပုဒ် အတိုင်း လူပုဂ္ဂိုလ် တစ်ဦးချင်းစီအတွက်ရော၊ စီးပွားရေး လုပ်ငန်းများအတွက်ကိုပါ တိုးတက်အောင်မြင်ပြီး ရည်မှန်းချက် ပန်းတိုင်များ ရောက်ရှိနိုင်အောင် ကျွန်တော်တို့ Metro Bank က ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေကို အကောင်းမွန်ဆုံး ချိတ်ဆက်ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ပုံမှန် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ ငွေစုဆောင်းလိုတာပဲ ဖြစ်ဖြစ်၊ ချေးငွေများ ရယူလိုတာပဲဖြစ်ဖြစ် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများအားလုံးကို အကောင်းဆုံး ကူညီ ပံ့ပိုးပေးသွားဖို့ အသင့်ရှိနေပါတယ်။
ကျွန်တော်တို့ရဲ့ လမ်းမတော်ဘဏ်ခွဲ ဝန်ထမ်းတွေကလည်း လူကြီးမင်းတို့ကို အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်ပြီး သိပ်မကြာခင်ကာလမှာလည်း Mobile Banking လိုမျိုး Digital Banking ဝန်ဆောင်မှု တွေကိုလည်း ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူကြီးမင်းတို့အနေနဲ့ Metro Bank ကို ယုံကြည် စိတ်ချစွာဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ပြောကြားရင်း ကျွန်တော်တို့ ဘဏ်ကို လာရောက်ခဲ့ကြဖို့ကိုလည်း နွေးထွေးစွာ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ” ဟုပြောကြားခဲ့ပါတယ်။
· ဘဏ်ခွဲ တည်နေရာ : အမှတ် (၁၂၃)၊ လမ်းမတော်လမ်း (အလယ်ဘလောက်)၊ ၇ ရပ်ကွက်၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး။
· ဘဏ်ခွဲ ဖွင့်လှစ်သည့် နေ့ရက် : ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်(သောကြာနေ့)
· ဘဏ်လုပ်ငန်းချိန် : တနင်္လာမှ သောကြာ၊ (နံနက် ၉:၃၀ နာရီ မှ ညနေ ၃:၀၀ နာရီအထိ)
လူကြီးမင်းတို့အနေနဲ့ လမ်းမတော်ဘဏ်ခွဲ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို ပိုမိုသိရှိလိုပြီး ရယူလိုပါက ဘဏ်ခွဲဖုန်းနံပါတ်များ ဖြစ်သည့် ၀၁ ၈၃၇ ၅၅၄၇ ~ ၄၉၊ ၅၀၊ ၅၂၊ ၃၂ (သို့) Metro Bank ၏ Hotline ဖုန်းနံပါတ်ဖြစ်သည့် ၀၁- ၂၃၀၆၂၉၀ သို့ ဖုန်းဆက်နိုင်သလို Metro Bank ရဲ့ Website ဖြစ်သည့် www.metrobank.com.mm ကိုလည်း ဝင်ရောက ် လေ့လာနိုင်ပါတယ်။
Myanmar Metro Bank ၏ အကြောင်း
မြန်မာမက်ထရိုဘဏ်သည် ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ လူပုဂ္ဂိုလ်များ နှင့် စီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီအားဖြည့်ပေးနေသော ငွေကြေးပိုင်း ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ ဘဏ်ခွဲ (၁၄) ဘဏ်နှင့် ကျွမ်းကျင် ဝန်ထမ်းပေါင်း (၃၅၀) ခန့်တို့သည် Customer များ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေ လွယ်ကူချောမွေ့စေနိုင်ရန် အဓိကထား၍ ဆန်းသစ်မှုများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ပြည်တွင်း ဈေးကွက်သာမက နိုင်ငံတကာ ငွေကြေးကဏ္ဍများ၏ အခြေအနေ များအကြောင်းအရာများကိုပါ သေချာစွာ နားလည်ပြီး၊ ကျွန်ုပ်တို့၏ Customer များအား ငွေကြေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို ယုံကြည်မှု အပြည့်ဖြင့် ခရီးဆက်နိုင်ရန် ကူညီ ဆောင်ရွက် ပေးလျက်ရှိပါသည်။ မိမိတို့၏ ရည်မှန်းချက်မှာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီသာမက စီးပွားရေး လုပ်ငန်းများ၏ အခွင့်အလမ်းများကြားတွင် ဘဏ္ဍာရေး ပေါင်းကူးတံတားများ ဖန်တီးကာ သာယာဝပြောမှုများကို ဖြစ်တည်စေရန် ကြိုးစားသွားမည်ဖြစ်သည့်အပြင် ယုံကြည်စိတ်ချရသော မိတ်ဖက်ကောင်း တစ်ဦးအနေနှင့် ရပ်တည်ပြီး ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းစေရန်နှင့် လူမှုပတ်ဝန်းကျင်တွင်လည်း ကောင်းမွန်သော အကျိုးသက်ရောက် မှုများရှိစေရန် ရည်ရွယ်ထားပါသည်။
သတင်းအချက်အလက်များနှင့်သက်ဆိုင်သည်များ ထပ်မံသိရှိလိုပါက
ဘုန်းမြင့်ခိုင် (Assistant General Manager)
Myanmar Metro Bank Limited
phonemyintkhaing@metrobank.com.mm
၀၉ ၄၄၆ ၅၃၀ ၇၀၀

Metro Bank ၏လမ်းမတော်ဘဏ်ခွဲအသစ်ကိုဆန်းသစ်သောအသွင်အပြင်နဲ့အတူအကောင်းဆုံးဘဏ်ဝန်ဆောင်မှုများပေးရန်အတွက်ဖွင့်လှစ်ခြင်း
၂၀၂၄ ဇန်နဝါရီ ၂
