top of page
logo-white.png

ရန်ကုန် ၊ မြန်မာ – ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ ၊ ၁၆ ရက် – မြန်မာမက်ထရိုဘဏ် (Myanmar Metro Bank) သည် မြန်မာနိုင်ငံ တစ်ဝန်းရှိ လူပုဂ္ဂိုလ် တစ်ဦးချင်းစီတိုင်း အတွက်သာမက စီးပွားရေးလုပ်ငန်းများကိုပါ ပိုမိုတိုးတက် အောင်မြင်စေရန် ကူညီ ပံ့ပိုးပေးနေသည့် တက်သစ်စ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့ အနေနှင့် Logo အမှတ် တံဆိပ်အသစ်ကို ယနေ့တွင် စတင်မိတ်ဆက်ခြင်းနှင့်အတူ “ပေါင်းကူးချိတ်ဆက်ပေးခြင်း နှင့်အတူ တိုးတက် သာယာဝပြောမှုကို ဖန်တီးပေးခြင်း - Building Bridges and Powering Prosperity” ဆိုသည့် ဘဏ်၏ ဦးတည်ချက်ကို ယခုမိတ်ဆက်လိုက်သော သစ်လွင်ဆန်းသစ်သည့် အမှတ်တံဆိပ်မှတဆင့် ထင်ဟပ်ပြသရန် ရည်ရွယ်ထားပါသည်။




Logo အမှတ်တံဆိပ်အသစ်တွင် အထပ်မြင့် အဆောက်အဦ (Tower) နှစ်ခု၏ M ပုံသဏ္ဌာန် ပုံရိပ်သည် ဘဏ်၏ ခိုင်မာသော အခြေခံအုတ်မြစ်နှင့်အတူ မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရသော ဘဏ္ဍာရေးကဏ္ဍ၏ ထောက်တိုင် တစ်ခုအဖြစ် ရပ်တည်သွားနိုင်ရန် ရည်ညွှန်းထားခြင်းဖြစ်ပါသည်။ အဆိုပါ Tower ပုံသဏ္ဌာန် များသည် ခေတ်မီ တိုးတက်လျက်ရှိသော မြို့ပြတစ်ခု၏ ပုံရိပ်ကို ထင်ဟပ်ပြသလျက်ရှိသလို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးသာမကပဲ နိုင်ငံတော်၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပြုသွားမည့် မြန်မာမက်ထရိုဘဏ်၏ ရည်မှန်းချက်ကိုလည်း ဖော်ဆောင်လျက်ရှိပါသည်။ အပြာရင့်ရောင်နှင့် မိုးပြာရောင်များသည် မြန်မာမက်ထရိုဘဏ်၏ ဝန်ဆောင်မှု အသုံးပြုသူများ အားလုံးအတွက် ဘဏ္ဍာရေး နှင့် ပတ်သက်ပြီး လုံခြုံမှု ပေးစွမ်းနိုင်ခြင်း ၊ စိတ်ချယုံကြည် အားကိုးနိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်ခြင်းစသော အဓိကတန်ဖိုးများအား ရှေ့တန်းတင်ပြီး တာဝန်ယူမှုရှိစွာဖြင့် ဘဏ္ဍာရေး ဝန်ဆောင်မှုများကို အကောင်းမွန်ဆုံး ပေးစွမ်းသွားမည်ဆိုသော ကတိကဝတ်များကို ကိုယ်စားပြုပါသည်။


အမှတ်တံဆိပ် အသစ်သည် ကျွန်တော်တို့၏ အနာဂတ် ဦးတည်ချက် သင်္ကေတတစ်ခုဖြစ်သည့် လူပုဂ္ဂိုလ် တစ်ယောက်ချင်းစီတိုင်း အတွက်သာမက စီးပွားရေးလုပ်ငန်းများကိုပါ လက်တွဲပံ့ပိုးကူညီခြင်းဖြင့် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှင့် သာယာဝပြောမှုတို့ကို ပါဝင်အားဖြည့်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ ဖြစ်ပေါ် တိုးတက်လာသော အခြေအနေများပေါ်မူတည်၍ လုပ်ငန်းများ နှင့် လူပုဂ္ဂိုလ်များအကြား ဘဏ္ဍာရေး ပေါင်းကူးတံတားသဖွယ် ချိတ်ဆက်ပေးခြင်းအားဖြင့် ပိုမိုတိုးတက်ကောင်းမွန်သော လူမှုပတ်ဝန်းကျင် တည်ဆောက်ရေးအတွက်လည်း ကြိုးစားပံ့ပိုးသွားမည်ဖြစ်ပါသည်။


အမှတ်တံဆိပ်အသစ်ကို Myanmar Metro Bank ၏ ဘဏ်ခွဲများ၊ Digital Platform များ၊ ရုံးသုံးစာရွက်စာတမ်းများနှင့် စျေးကွက်မြှင့်တင်ရေးနှင့် သက်ဆိုင်သော ပစ္စည်းများ၊ အခြားသော နေရာများတွင် တစ်ဆင့်ချင်း စတင်မိတ်ဆက် အသုံးပြုသွား မည်ဖြစ်ပါသည်။ Logo အမှတ်တံဆိပ် အသစ် ပြောင်းလဲအသုံးပြုခြင်း အထိမ်းအမှတ်အနေဖြင့်လည်း Customer များနှင့်အတူ တီထွင်ဆန်းသစ်မှုများ၊ ထူးခြားကောင်းမွန်သော ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများနှင့် လူမှုပတ်ဝန်းကျင်ကို အကျိုးပြု တိုးတက်စေမည့် ဆောင်ရွက်မှုများကိုပါ အခါအားလျော်စွာ ပြုလုပ်သွားမည်ဖြစ်သည်။



Myanmar Metro Bank ၏ အကြောင်း


မြန်မာမက်ထရိုဘဏ်သည် ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ လူပုဂ္ဂိုလ်များ နှင့် စီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီအားဖြည့်ပေးနေသော ငွေကြေးပိုင်း ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ ဘဏ်ခွဲ (၁၄) ဘဏ်နှင့် ကျွမ်းကျင် ဝန်ထမ်းပေါင်း (၃၅၀) ခန့်တို့သည် Customer များ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေ လွယ်ကူချောမွေ့စေနိုင်ရန် အဓိကထား၍ ဆန်းသစ်မှုများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ပြည်တွင်း ဈေးကွက်သာမက နိုင်ငံတကာ ငွေကြေးကဏ္ဍများ၏ အခြေအနေများအကြောင်းအရာများကိုပါ သေချာစွာ နားလည်ပြီး၊ ကျွန်ုပ်တို့၏ Customer များအား ငွေကြေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို ယုံကြည်မှု အပြည့်ဖြင့် ခရီးဆက်နိုင်ရန် ကူညီ ဆောင်ရွက် ပေးလျက်ရှိပါသည်။ မိမိတို့၏ ရည်မှန်းချက်မှာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီသာမက စီးပွားရေး လုပ်ငန်းများ၏ အခွင့်အလမ်းများကြားတွင် ဘဏ္ဍာရေး ပေါင်းကူးတံတားများ ဖန်တီးကာ သာယာဝပြောမှုများကို ဖြစ်တည်စေရန် ကြိုးစားသွားမည်ဖြစ်သည့်အပြင် ယုံကြည်စိတ်ချရသော မိတ်ဖက်ကောင်း တစ်ဦးအနေနှင့် ရပ်တည်ပြီး ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းစေရန်နှင့် လူမှုပတ်ဝန်းကျင်တွင်လည်း ကောင်းမွန်သော အကျိုးသက်ရောက်မှုများရှိစေရန် ရည်ရွယ်ထားပါသည်။



သတင်းအချက်အလက်များနှင့်သက်ဆိုင်သည်များ ထပ်မံသိရှိလိုပါက



Myanmar Metro Bank Limited


hello@metrobank.com.mm   ၀၉ ၇၇၉ ၈၈၈ ၈၃၈


Myanmar Metro Bank Unveils New Logo.png
Myanmar Metro Bank (မြန်မာမက်ထရိုဘဏ်) ၏ Logo အမှတ်တံဆိပ်အသစ်အား မိတ်ဆက်ခြင်း နှင့် "Building Bridges and Powering Prosperity" “ပေါင်းကူးချိတ်ဆက်ပေးခြင်းနှင့်အတူ တိုးတက် သာယာဝပြောမှုကို ဖန်တီးပေးခြင်း” ဟူသော ဘဏ်၏ အနာဂတ်ဦးတည်ချက် Vision ကို ထပ်လောင်းအတည်ပြုခြင်း

၂၀၂၄ စက်တင်ဘာ ၁၆

bottom of page