top of page
logo-white.png

ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက် - CB Life နှင့် Myanmar Metro Bank တို့သည် အသက်အာမခံဝန်ဆောင်မှု Life Insurance  လုပ်ငန်းများအတွက် မိတ်ဟောင်းမိတ်သစ် Customer များအား အသက်အာမခံ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်ပြီး၊ ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၄ ရက်တွင် အဖွဲ့အစည်း နှစ်ခုအကြား  ပူးပေါင်းဆောင်ရွက်ခြင်းသဘောတူညီမှု စာချွန်လွှာ (Partnership Agreement Signing) ကို လက်မှတ် ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း ကဏ္ဍနှစ်ခုစလုံးအတွက် အရေးပါသော သမိုင်းမှတ်တိုင်သစ် တစ်ခုကို စိုက်ထူလိုက်ခြင်း ဖြစ်ပါသည်။

ဤပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များအရ  Myanmar Metro Bank ၏ Customer များအတွက် ဘဏ္ဍာရေး ဝန်ဆောင်မှုများနှင့်စီမံခန့်ခွဲမှုများ ဆောင်ရွက်ရင်း အနာဂတ်အတွက် အာမခံ ဖြင့် အကာအကွယ်ယူနိုင်မည့် အခွင့်အရေးများကို ပိုမိုရရှိစေမည်ဖြစ်သည်။ ထို့ကြောင့် နှစ်ဖက် အဖွဲ့အစည်း တို့သည် လက်တွဲပူးပေါင်းကာ အောက်ပါအချက်များကို အဓိကထား အကောင် အထည်ဖော်၍ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

  • ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနှင့် အသက်အာမခံဝန်ဆောင်မှုများကို Customer များအား ဝန်ဆောင်မှု အပြည့်အဝပေးနိုင်မည့် One-Stop Service ကို ဖန်တီးပေးခြင်း။

  • Customer များအတွက် စစ်မှန်သောတန်ဖိုး၊ လုံခြုံမှုနှင့် အကာအကွယ်ကို ပေးစွမ်းနိုင်မည့် အသက်အာမခံဝန်ဆောင်မှုများကို ပူးပေါင်းဖန်တီးပေးခြင်း။

  • ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးနိုင်ရေးနှင့် အားလုံး ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ် (Financial Inclusion) ကို မြှင့်တင်ပေးခြင်းဖြင့် ပြည်သူများ အတွက် မရှိမဖြစ် လိုအပ်သော ငွေကြေးနှင့် အကာအကွယ်ပေးမှုဆိုင်ရာ ဝန်ဆောင်မှုများကို ရရှိအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးခြင်း။

 

အခမ်းအနားတွင် Myanmar Metro Bank ၏ အမှုဆောင်ဒါရိုက်တာ ဦးကောင်းထက်ထွန်းက အောက်ပါအတိုင်း ပြောကြားခဲ့ပါသည် -

“Metro Bank ရဲ့ “Building Bridges & Powering Prosperity” ဆိုတဲ့ Vision အတိုင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအပြင် တစ်ဦးတစ်ယောက်ခြင်းအတွက်သာမက၊ မိသားစုများနဲ့ စီးပွားရေးလုပ်ငန်းများအပါအဝင် Customer တိုင်းရဲ့ ဘဏ္ဍာရေးအခြေအနေများ တိုးတက် ကောင်းမွန်စေဖို့ အတွက် အကူအညီအထောက်အပံ့ကောင်းတွေနဲ့ ဝန်ဆောင်မှုကောင်းများပေးနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘဏ်ဟာ နည်းပညာ၊ဆန်းသစ်တီထွင်မှုနဲ့ Customer များအတွက် အဆင်ပြေလွယ်ကူမှုတို့ကို အဓိကထား တည်ဆောက်ထားတာဖြစ်ပါတယ်။

ယခုလို CB Life နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်လည်း ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ပိုမိုပြည့်စုံအောင်ပေးစွမ်းနိုင်ရုံသာမက အာမခံအကာအကွယ်များကိုပါ ထပ်ဆောင်း၍ Customer တိုင်းအတွက် ကောင်းမွန်သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု အတွေ့အကြုံများကို ဖြည့်ဆည်းပေးနိုင်မည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက Customer များအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများနဲ့ အာမခံအကာအကွယ်များကို တစ်နေရာတည်းမှာ ရရှိနိုင်ပြီး အချိန်ကုန်သက်သာစေရုံသာမက လုံခြုံတဲ့အနာဂတ်ကို ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

 

 

CB Life ၏ မန်နေဂျင်းဒါရိုက်တာ ဦးသောင်းဟန်ကလည်း အောက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ပါသည်-

“CB Life ရဲ့ အသက်အာမခံဆိုတာ ပေါ်လစီတစ်ခု ရောင်းချနိုင်တာထက်ပိုပါတယ်။ လူမှုဘဝတွေ ပိုမိုကောင်းမွန် လုံခြုံစေဖို့ ရည်ရွယ်ပြီး ဝန်ဆောင်မှုတစ်ခုထက်ပိုတဲ့ အာမခံအမျိုးအစား တစ်ခုပဲဖြစ်ပါတယ်။  ပြောရမယ်ဆိုရင်  ကိုယ့်အတွက် စိတ်အေးချမ်းသာခြင်း၊ ကိုယ်ချစ်ခင်ရတဲ့သူတွေအတွက် အကာအကွယ်ပေးနိုင်ခြင်းနဲ့ စိန်ခေါ်မှုတွေရှိခဲ့ရင်တောင် အိမ်မက်တွေ ဆက်လက် အကောင်အထည် ဖော်နိုင်ဖို့ ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ Myanmar Metro Bank လို ဘဏ္ဍာရေးအဖွဲ့အစည်း တစ်ခုနဲ့ အခုလိုအတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒီလိုအကျိုးကျေးဇူးတွေကို ဘဏ်ရဲ့ Customer တွေဆီ ပိုမိုမြန်ဆန် လွယ်ကူစွာ ဝန်ဆောင်မှုပေးအပ်နိုင်တော့မှာပါ။ Customer တွေကို အကောင်းဆုံးအကာအကွယ် ပေးမယ်ဆိုတဲ့ ကျွန်တော်တို့ အဖွဲ့အစည်းနှစ်ခုရဲ့ တူညီတဲ့ ရည်မှန်းချက် ကတိကဝတ်တွေကြောင့် လူပုဂ္ဂိုလ် တစ်ဦးချင်းအတွက်ရော မိသားစုများအတွက်ပါ လိုအပ်တဲ့ အာမခံအကာအကွယ်နဲ့အတူ စိတ်အေး ချမ်းသာမှုကို ရရှိစေမှာ အသေအချာပဲဖြစ်ပါတယ်”

CB Life နှင့် Myanmar Metro Bank တို့၏ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် ဆန်းသစ်တီထွင်မှု၊ အဆင်ပြေလွယ်ကူမှုနှင့်အတူ Customer များကို အဓိကထား ဝန်ဆောင်မှုများပေးနိုင်ရန် တူညီသော ရည်မှန်းချက်များ မြင်တွေ့နိုင်ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးလျက်ရှိသော ဘဏ္ဍာရေးဝန်ဆောင်မှုများကို နှစ်ဖက်အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကောင်းများဖြင့် ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်း ပေးသွားနိုင်မှာလည်း ဖြစ်ပါတယ်။

 

Myanmar Metro Bank ၏ အကြောင်း

မြန်မာမက်ထရိုဘဏ်သည် ၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ လူပုဂ္ဂိုလ်များ နှင့် စီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီအားဖြည့်ပေးနေသော ငွေကြေးပိုင်း ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ ဘဏ်ခွဲ (၁၄) ဘဏ်နှင့် ကျွမ်းကျင် ဝန်ထမ်းပေါင်း (၃၅၀) ခန့်တို့သည် Customer များ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေ လွယ်ကူချောမွေ့စေနိုင်ရန် အဓိကထား၍ ဆန်းသစ်မှုများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ပြည်တွင်း ဈေးကွက်သာမက နိုင်ငံတကာ ငွေကြေးကဏ္ဍများ၏ အခြေအနေ များအကြောင်းအရာများကိုပါ သေချာစွာ နားလည်ပြီး၊ ကျွန်ုပ်တို့၏ Customer များအား ငွေကြေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို  ယုံကြည်မှု အပြည့်ဖြင့် ခရီးဆက်နိုင်ရန် ကူညီ ဆောင်ရွက် ပေးလျက်ရှိပါသည်။ မိမိတို့၏ ရည်မှန်းချက်မှာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီသာမက စီးပွားရေး လုပ်ငန်းများ၏ အခွင့်အလမ်းများကြားတွင် ဘဏ္ဍာရေး ပေါင်းကူးတံတားများ ဖန်တီးကာ သာယာဝပြောမှုများကို ဖြစ်တည်စေရန် ကြိုးစားသွားမည်ဖြစ်သည့်အပြင် ယုံကြည်စိတ်ချရသော မိတ်ဖက်ကောင်း တစ်ဦးအနေနှင့် ရပ်တည်ပြီး ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းစေရန်နှင့် လူမှုပတ်ဝန်းကျင်တွင်လည်း ကောင်းမွန်သော အကျိုးသက်ရောက် မှုများရှိစေရန် ရည်ရွယ်ထားပါသည်။

 

CB Life ၏ အကြောင်း

၂၀၁၂ခုနှစ်၌ စတင်တည်ထောင်ခဲ့သော နိုင်ငံသားစီးပွားရေးအများပိုင်လီမိတက် အနေဖြင့် အသက်အာမခံနှင့် ကျန်းမာရေးအာမခံဆိုင်ရာဝန်ဆောင်မှုများကို မြန်မာနိုင်ငံ၏ မြို့နေပြည်သူလူထု အတွက်လည်းကောင်း၊​ အသေးစား ကိုယ်ခန္ဓာထိခိုက်မှုအာမခံဝန်ဆောင်မှုများကို သမဝါယမ အဖွဲ့အစည်း များမှတဆင့် ကျေးလက်နေပြည်သူလူထု အတွက်လည်းကောင်း အာမခံနှင့် ပတ်သက်သော ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိပါသည်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့၌ နိုင်ငံသားစီးပွားရေးအများပိုင်လီမိတက်အနေဖြင့် ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အင်အားအကြီးဆုံး ဖြစ်သော အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သည့် Thai Life Insurance နှင့် မိတ်ဖက်ပြုလုပ်ကာ “စီဘီအသက်အာမခံကုမ္ပဏီလီမိတက်”ကို ဖွဲ့စည်းခဲ့ပါသည်။ ဤကဲ့သို့ မိတ်ဖက်ပြုလုပ်ခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲသော အသက်အာမခံဆိုင်ရာ ပူးပေါင်းဆက်ဆံရေး ကိုသာမက ယင်းမှ တဆင့် မြန်မာ့လူမှုအဖွဲ့အစည်းကို အကျိုးပြုစေမည်ဖြစ်ပြီး၊ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပါ ဖြစ်ထွန်းစေမည် ဖြစ်ပါသည်။

 

 

သတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက

Myanmar Metro Bank

Sai Win Min Oo

Head of Marketing and Communications

saiwinminoo@metrobank.com.mm

09 420002787

detail-banner.jpg
CB Life နှင့် Metro Bank တို့အကြား အသက်အာမခံဝန်ဆောင်မှုအတွက် ပူးပေါင်းဆောင်ရွက်ခြင်းသဘောတူညီမှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်း

၂၀၂၅ ဩဂုတ် ၁၄

bottom of page