
Our History
Myanmar Metro Bank အကြောင်း
-
မြန်မာ မက်ထရိုဘဏ်လီမိတက်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ (၂.၇.၂၀၁၃)ရက်နေ့ ရက်စွဲပါ ရင်းနှီးမြှုပ်နှံမှု (သို့မဟုတ်) ဖွံ့ဖြိုးရေးဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ရရှိခဲ့ပါသည်။
-
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြုချက်လိုင်စင် ရရှိခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့မှစ၍ ဘဏ်ခွဲများ ဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းများ စတင် လုပ်ကိုင် ခဲ့ပါသည်။
-
(၁၀.၈.၂၀ ၁၆) ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကူးသန်းရောင်းဝယ်ရေး ဘဏ်လိုင်စင် ရရှိခဲ့ပြီး လက်ရှိတွင် ဘဏ်ခွဲပေါင်း(၁၄)ဘဏ် ဖွင့်လှစ်၍ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါသည်။
-
နိုင်ငံတဝှမ်းရှိ Customer များစွာကို ပိုမို ကျယ်ပြန့်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် မြန်မာအသေးစား ငွေရေးကြေးရေး ဘဏ်လီမိတက် (Myanmar Microfinance Bank Limited) မှ မြန်မာမက်ထရိုဘဏ်လီမိတက် (Myanmar Metro Bank Limited) အမည်သို့ ပြောင်းလဲခဲ့ပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အဆိုပါ အမည် ပြောင်းလဲခြင်းကို (၃.၁.၂၀၂၀) ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ ထို့အပြင် (၇.၁.၂၀၂၄) ရက်နေ့တွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ မြန်မာမက်ထရိုဘဏ်လီမိတက် (Myanmar Metro Bank Limited)၏ ဘဏ်အမှတ်တံဆပ် (logo) ပြောင်းလဲခွင့်အား (၉.၁.၂၀၂၄) ရက်နေ့တွင် ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

